အီတလီနည်းပြကွန်တီကို ခန့်အပ်ရန် ချဲလ်ဆီးဆွေးနွေးနေ

Share on Facebook0Tweet about this on TwitterShare on Google+0Share on Reddit0
4
ချဲလ်ဆီးနှင့်ဆွေးနွေးနေသည့် အီတလီနည်းပြကွန်တီ(၀ဲ)

ပရီးမီးယားလိဂ်ကလပ် ချဲလ်ဆီးအသင်းပိုင်ရှင် အေဘရာမိုဗစ်ခ်ျသည် အသင်းနည်းပြရာထူးအတွက် ရေရှည်အစီအမံအဖြစ် လက်ရှိအီတလီနည်းပြကွန်တီအားခေါ်ယူရေးအတွက် ထိုနည်းပြနှင့် ယခုလအစောပိုင်းက ပြင်သစ်နိုင်ငံ မိုနာကိုတွင် တွေ့ဆုံခဲ့ကြောင်း သိရှိရသည်။

ထိုနည်းပြမှာ ယူရို-၂၀၁၆ အပြီးတွင် အီတလီလက်ရွေးစင်အသင်းနှင့် စာချုပ်သက်တမ်းကုန်ဆုံးမည်ဖြစ်ပြီး ထိုပြိုင်ပွဲအပြီးတွင် ကလပ်နည်းပြဘ၀သို့ တစ်ကျော့ပြန်ဝင်ရောက်လိုနေသူဖြစ်သည်။

ကွန်တီနှင့် အေဘရာမိုဗစ်ခ်ျတို့သည် မိုနာကိုတွင်တွေ့ဆုံခဲ့ကြပြီး ထိုတွေ့ဆုံမှုဖြစ်မြောက်စေရန် အီတလီအေးဂျင့်တစ်ဦးက ဆောင်ရွက်ပေးခဲ့ကြောင်းသိရပြီး ကွန်တီမှာ အီတလီဘောလုံးအဖွဲ့ချုပ်(FIGC)တာဝန်ရှိသူများနှင့်လည်း လာမည့်လတွင် ယူရိုပြိုင်ပွဲအပြီး ရာထူးမှထွက်ခွာရေးအတွက် တွေ့ဆုံဆွေးနွေးရန် အစီအစဉ်ရှိနေသည်။

FIGC က”FIGC နှင့် မစ္စတာကွန်တီတို့သည် ယူရိုပြိုင်ပွဲအပြီး ၎င်း၏ရာထူးနှင့်ပတ်သက်၍ ပြိုင်ပွဲမတိုင်မီ ဆွေးနွေးသွားမည်”ဟု ကြေညာထားသည်။

ကွန်တီမှာ အီတလီနှင့် စပိန်၊ ဂျာမနီတို့ ခြေစမ်းပွဲများမတိုင်မီတွင်လည်း ချဲလ်ဆီးနှင့် ထပ်မံဆွေးနွေးမည်ဟု သိရှိရပြီး ၎င်းနှင့်နီးစပ်သောအသိုင်းအ၀ိုင်းမှ ထွက်ရှိလာသောသတင်းများအရ အင်္ဂလိပ်ဘာသာစကား စတင်သင်ကြားနေကြောင်း သိရသည်။

comments

error: Content is protected !!