၃ ရက်အတွင်း အရေးကြီးပွဲစဉ် ၂ ပွဲ အာဆင်နယ်ကစားရမည်

Share on Facebook0Tweet about this on TwitterShare on Google+0Share on Reddit0
ST ALBANS, ENGLAND - FEBRUARY 22: Calum Chambers (L) and Danny Welbeck warm up with team mates during the Arsenal training session ahead of the UEFA Champions League match against Barcelona at London Colney on February 22, 2016 in St Albans, United Kingdom.  (Photo by Matthew Lewis/Getty Images)
၃ ရက်အတွင်း အရေးကြီးပွဲစဉ် ၂ ပွဲကစားရနိုင်ခြေရှိနေသည့် အာဆင်နယ်ကစားသမားများ

အာဆင်နယ်အသင်းသည် လာမည့်လတွင် ယခုဘောလုံးရာသီ၏အရေးကြီးပွဲစဉ် ၂ ပွဲကို ၃ ရက်အတွင်း ကစားရမည်ဖြစ်ကြောင်း သိရှိရသည်။

တနင်္လာနေ့တွင် အက်ဖ်အေက မတ်လ ၇ ရက်နေ့မှာ အာဆင်နယ်နှင့် ဟူးလ်စီးတီးတို့ အက်ဖ်အေဖလားပဉ္စမအဆင့် ပြန်ကန်ပွဲကစားရမည့်ရက်ဟု ကြေညာထားသဖြင့် အာဆင်နယ်မှာ မတ်လ ၅ ရက်နေ့တွင် ပရီးမီးယားလိဂ်ချန်ပီယံဆုအတွက် အရေးကြီးသည့်ပွဲစဉ်ဖြစ်သော စပါးနှင့်ပွဲအပြီး ၄၈ နာရီအကြာတွင် ဟူးလ်စီးတီးကို ရင်ဆိုင်ရမည့်အခြေအနေဖြစ်သွားခဲ့သည်။

အာဆင်နယ်မှာ ယခုကဲ့သို့ အရေးကြီးပွဲစဉ်များပြားသည့်အနေအထားကို ရှောင်လွှဲလိုနေပြီး စပါးကိုရင်ဆိုင်ပြီးနောက် ဟူးလ်စီးတီးကို ပွဲကျပ်ဆက်တိုက်မကစားရရန် အက်ဖ်အေနှင့်ဆွေးနွေးနေသည်ဟု သိရှိရပြီး ထိုပွဲစဉ်အား ထိုသီတင်းပတ်နှောင်းပိုင်း သို့မဟုတ် အင်္ဂါ၊ ဗုဒ္ဓဟူးနေ့များတွင် ကစားရန်ဆန္ဒရှိနေသည်။

သို့သော် မတ်လ ၈-၉ တို့တွင် ချန်ပီယံလိဂ်ပွဲစဉ်ကစားရန်ရှိသောကြောင့် အက်ဖ်အေပွဲစဉ်ကို ထိုသီတင်းပတ်နှောင်းပိုင်းတွင် ရက်ပြောင်းကစားခွင့်ပေးရန်သာ အာဆင်နယ်က တောင်းဆိုနိုင်ခြေရှိနေသည်။

comments

error: Content is protected !!