ဒုတိယအကျော့တွင် ပြည်ပကစားသမားများ မခေါ်ယူပါက တန်းမဆင်းရရေး အာမမခံနိုင်ဟု ဆောက်သမ်းနည်းပြချုပ် ပြောကြား

Share on Facebook0Tweet about this on TwitterShare on Google+0Share on Reddit0
zzzzzzzzzz
Photo: ပြည်တွင်းကစားသမားများဖြင့် ရုန်းကန်နေရသည့် ဆောက်သမ်းမြန်မာအသင်း (MNL)

အောင်သော်ဖြိုး။
ဖေဖော်ဝါရီ ၂၃။

Ooredoo MNL 2016 တွင် နိုင်ငံခြားသားခေါ်ယူခဲ့ခြင်းမရှိဘဲ ပြည်တွင်းကစားသမားဖြင့်သာ ယှဉ်ပြိုင်နေသည့် ဆောက်သမ်းမြန်မာအသင်းမှာ မြန်မာနေရှင်နယ်လိဂ် ဒုတိယအကျော့တွင် နိုင်ငံခြားကစားသမားခေါ်ယူမှုမရှိပါက ရာသီ
ကုန်တွင် တန်းမဆင်းရရေး အာမမခံနိုင်ဟု ဆောက်သမ်းမြန်မာနည်းပြချုပ် ဦးမြလွင်က ဆိုသည်။

ဆောက်သမ်းမြန်မာအသင်းတာဝန်ရှိသူများထံသို့ မြန်မာနေရှင်နယ်လိဂ်ဒုတိယအကျော့၌ နိုင်ငံခြားသားခေါ်ယူပေးရန် တောင်းဆိုထားပြီး လက်ရှိမြန်မာနေရှင်နယ်လိဂ်အသင်းများတွင် အရေးကြီးသည့်အဆုံးအဖြတ်ဂိုးများကို ပြည်ပကစားသမားများကသာ သွင်းယူနေသည့်အတွက် အသင်းအတွက် နိုင်ငံခြားသားကစားသမားလိုအပ်ကြောင်း ဆောက်သမ်းမြန်မာနည်းပြချုပ် ဦးမြလွင်ကပြေားကြားခဲ့ခြင်းဖြစ်သည်။

ဆောက်သမ်းမြန်မာအသင်းအနေဖြင့် မြန်မာနေရှင်နယ်လိဂ် ပွဲစဉ်-၇ အပြီးတွင် နိုင်ပွဲမရှိသေးဘဲ ရမှတ် ၂ မှတ်သာရရှိထားသည့် အသင်းတစ်သင်းဖြစ်ပြီး နည်းပြချုပ်အနေဖြင့် ပထမအကျော့လက်ကျန်ပွဲစဉ်များတွင် ရမှတ် ၁ဝ မှတ်ခန့်
ရယူသွားရန် မျှော်မှန်းထားကြောင်း သိရသည်။

နည်းပြချုပ်က Ooredoo MNL 2016 ရာသီမစတင်မီ နိုင်ငံခြားသား ကစားသမားများခေါ်ယူပေးရန်တောင်းဆိုခဲ့သော်လည်း ကစားသမားခေါ်ယူရန် အချိန်မမီသောကြောင့် ခေါ်ယူပေးခဲ့ခြင်းမရှိကြောင်း ဆောက်သမ်းမြန်မာအသင်းတာ
ဝန်ရှိသူတစ်ဦးကဆိုသည်။

Photo: ပြည်တွင်းကစားသမားများဖြင့် ရုန်းကန်နေရသည့် ဆောက်သမ်းမြန်မာအသင်း (MNL)

comments

error: Content is protected !!