ရာသီဥတုကွာခြားချက်ရှိသော်လည်း စိုးရိမ်ခြင်းမရှိဟု South China အသင်းနည်းပြချုပ် ပြောကြား
|
အောင်သော်ဖြိုး
ဖေဖော်ဝါရီ ၂၃။
AFC Cup 2016 အုပ်စု-ဆ ပွဲစဉ် အဖွင့်ပွဲအဖြစ် ရန်ကုန်မြို့၊ သုဝဏ္ဏကွင်း၊ ဖေဖော်ဝါရီလ ၂၄ ရက်နေ့ညနေတွင် ရန်ကုန်ယူနိုက်တက်နှင့် ယှဉ်ပြိုင်ရမည့်ပွဲစဉ်၌ အအေးပိုင်းမှ လာရောက်ယှဉ်ပြိုင်သည့် South China အသင်းအနေဖြင့်ြ
မန်မာနိုင်ငံ၏ ရာသီဥတုမှာ ပူပြင်းသော်လည်း ယှဉ်ပြိုင်မည့်ပွဲစဉ်အတွက် စိုးရိမ်ခြင်းမရှိကြောင်း South China အသင်းနည်းပြချုပ် ဘရာဇီးလူမျိုး ကပ်စမီရိုမီရော်က ဆိုသည်။
ယှဉ်ပြိုင်မည့် ပွဲစဉ်နှင့်ပတ်သက်၍ အဆိုပါနည်းပြက ”ဒီရာသီဥတုကို ၂ သင်းစလုံးခံစားရမှာပါ။ ဒီအတွက် စိုးရိမ်စိတ်မရှိပါဘူး” ဟု ပြောကြားခဲ့သည်။
ဟောင်ကောင်တွင် လက်ရှိ အပူချိန် ၀ ဒီဂရီရှိနေပြီး မြန်မာနိုင်ငံ၏ ရာသီဥတုမှာ South China အသင်းအတွက် အလွန်ပူးပြင်းကြောင်း၊ South China အသင်းသည် ပရော်ဖက်ရှင်နယ် အသင်းတစ်သင်းဖြစ်သည့်အတွက် မည်သည့်အြေ
ခအနေတွင်မဆို ယှဉ်ပြိုင်မည်ဖြစ်ပြီး ရန်ကုန်ယူနိုက်တက်အသင်းကို အနိုင်ရအောင် အာရုံစိုက်ကစားသွားမည်ဟု South China အသင်းနည်းပြချုပ်က ပြောကြားခဲ့သည်။
ရန်ကုန်အသင်းသည် အိမ်ကွင်းတွင် ယှဉ်ပြိုင်ရမည်ဖြစ်သော်လည်း South China အသင်းတွင် တရုတ်လက်ရွေးစင်ကစားသမားများနှင့် ပြည်ပကစားသမားကောင်းများ ပါဝင်သောကြောင့် ခက်ခဲစွာယှဉ်ပြိုင်ရမည်ဖြစ်သော်လည်း ရ
န်ကုန်ယူနိုက်တက်အနေဖြင့် ရာနှုန်းပြည့်နိုင်ပွဲရရှိအောင် ကြိုးစားသွားမည်ဟု ရန်ကုန်ယူနိုက်တက် နည်းပြချုပ်မာယန်က ဆိုသည်။
ရန်ကုန်ယူနိုက်တက်အသင်းသည် AFC Cup 2016 အုပ်စု-ဆ တွင် အိန္ဒိယကလပ် Mohun Baganအသင်း၊ မော်လ်ဒိုက်အခြေစိုက် Maziya အသင်း၊ ဟောင်ကောင်ကလပ် South China အသင်းတို့နှင့် အုပ်စုတစ်ခုတည်း ယှဉ်ပြိုင်ရမည်
ဖြစ်သည်။
Photo: သတင်းစာရှင်းလင်းပွဲတွင် တွေ့ရသည့် South China အသင်းနည်းပြချုပ် (South China FC)
Next : အီတလီနည်းပြကွန်တီကို ခန့်အပ်ရန် ချဲလ်ဆီးဆွေးနွေးနေ