ရလဒ်ဆိုးများကြောင့် နည်းပြဆန်ဒိုဗယ်ကို ဂရန်နာဒါထုတ်ပယ်ပြီး ဂွန်ဇာလက်ဇ်နည်းပြသစ်ဖြစ်လာ
|
ဂရန်နာဒါအသင်းသည် ရလဒ်များဆက်တိုက်ဆိုးရွားနေပြီး လာလီဂါအမှတ်ပေးဇယားအောက်ဆုံးတွင်ရပ်တည်နေရသဖြင့် ယမန်နေ့က အသင်းနည်းပြဆန်ဒိုဗယ်ကိုထုတ်ပယ်လိုက်ပြီး နာရီပိုင်းအကြာတွင် နည်းပြသစ်ဂွန်ဇာလက်ဇ်ကို အစားထိုးခန့်အပ်ကြောင်း ကြေညာခဲ့သည်။
နည်းပြဆန်ဒိုဗယ်ကို ထုတ်ပယ်ခဲ့ခြင်းနှင့်ပတ်သက်၍ ဂရန်နာဒါအသင်းက ”နည်းပြရာထူးမှ ဆန်ဒိုဗယ်ကို ထုတ်ပယ်လိုက်ကြောင်း ဂရန်နာဒါဘက်မှ အတည်ပြုသည်။ မကြာမီကထွက်ပေါ်ခဲ့သော ရလဒ်များကြောင့် ယခုကဲ့သို့ ဆုံးဖြတ်ချက်ချမှတ်ခဲ့ခြင်းဖြစ်သည်” ဟု ထုတ်ပြန်ခဲ့သည်။
ဂရန်နာဒါမှ နည်းပြသစ်အဖြစ်ခန့်အပ်ခဲ့သည့် ဂွန်ဇာလက်ဇ်မှာ တရုတ်စူပါလိဂ်ကလပ် ဘေဂျင်းဂိုအန်၏ နည်းပြဖြစ်ပြီး အသက် ၄၉ နှစ်ရှိအဆိုပါနည်းပြသည် အယ်လ်ဘာစီတီ၊ မာစီယာ၊ ကော်ဒိုဘာနှင့် ကာဒစ်ဇ်အစရှိသော ဆီဂန်ဒါကလပ်များကို နည်းပြခဲ့ဖူးသူဖြစ်သည်။
Photo: ထုတ်ပယ်ခံခဲ့ရသည့် နည်းပြဆန်ဒိုဗယ် (Getty Images)
Next : ဒုတိယအကျော့တွင် ပြည်ပကစားသမားများ မခေါ်ယူပါက တန်းမဆင်းရရေး အာမမခံနိုင်ဟု ဆောက်သမ်းနည်းပြချုပ် ပြောကြား