အက်ဖ်အေဖလားကွာတားဖိုင်နယ်တွင် ချဲလ်ဆီးနှင့် အဲဗာတန်ရင်ဆိုင်ရမည်

Share on Facebook0Tweet about this on TwitterShare on Google+0Share on Reddit0
4
၂၀၀၉ ခုနှစ်အက်ဖ်အေဖလားပွဲစဉ်တွင် ချဲလ်ဆီးနှင့် အဲဗာတန်တို့ ရင်ဆိုင်တွေ့ခဲ့စဉ်

မန်စီးတီးကိုအနိုင်ယူပြီး အက်ဖ်အေဖလားနောက်တစ်ဆင့်တက်ရောက်ခဲ့သည့် ချဲလ်ဆီးသည် ပရီးမီးယားလိဂ်ပြိုင်ဘက် အဲဗာတန်နှင့် ကွာတားဖိုင်နယ်အဝေးကွင်းပွဲစဉ် ကစားရမည်ဖြစ်သည်။

ယနေ့ညတွင် ပဉ္စမအဆင့်ပွဲစဉ်ကစားမည့် မန်ယူနှင့် ရှရူးဘယ်ရီတို့မှ အနိုင်ရသည့်အသင်းမှာ ကွာတားဖိုင်နယ်ပွဲစဉ်အဖြစ် ၀က်စ်ဟမ်းကို အိမ်ကွင်းတွင် လက်ခံကစားရမည်ဖြစ်ပြီး ချန်ပီယံရှစ်ကလပ် ရီဒင်းမှာ ခရစ္စတယ်ပဲလေ့စ်ကို အိမ်ကွင်းတွင် ဧည့်ခံရမည်ဖြစ်ကာ ၀က်ဖို့ဒ်မှာ အာဆင်နယ်-ဟူးလ်စီးတီးပွဲစဉ်မှ အနိုင်ရသောအသင်းနှင့် အဝေးကွင်းပွဲစဉ်ကစားရမည်ဖြစ်သည်။

အဆိုပါပွဲများကို လာမည့်လ ၁၁ ရက်မှ ၁၄ ရက်အတွင်း ကစားရမည်ဖြစ်ပြီး ၂၀၀၉ ခုနှစ်က ချဲလ်ဆီးကို ယာယီနည်းပြအဖြစ် ပထမအကြိမ်တာဝန်ယူစဉ် အက်ဖ်အေဖလားဗိုလ်လုပွဲ၌ အဲဗာတန်ကို အနိုင်ရအောင် စွမ်းဆောင်ပေးခဲ့ဖူးသည့် လက်ရှိချဲလ်ဆီးယာယီနည်းပြ ဟစ်ဒင့်က “တော်တော်တောင် ကြာခဲ့ပါပြီ။ သူတို့ကတော့ ရှုံးကြွေးပြန်ဆပ်ချင်နေမှာပါ။ အက်ဖ်အေပွဲမှတ်တမ်းကောင်းကို ကျွန်တော်တို့ ဆက်ထိန်းနိုင်ဖို့ မျှော်လင့်ပါတယ်”ဟု ပြောကြားခဲ့သည်။

comments

error: Content is protected !!