အက်ဖ်အေပွဲစဉ်ထက် ချန်ပီယံလိဂ်ကို ပိုမိုဦးစားပေးမည်ဟု ပယ်လီဂရီနီဖွင့်ဟ
|
မန်စီးတီးနည်းပြ ပယ်လီဂရီနီက တနင်္ဂနွေနေ့တွင်ကစားမည့် ချဲလ်ဆီးနှင့် အက်ဖ်အေဖလား ပဉ္စမအဆင့်ပွဲစဉ်ထက် ချန်ပီယံလိဂ်ပွဲစဉ်အား ပိုမိုဦးစားပေးသွားမည်ဟု ဖွင့်ဟပြောကြားလိုက်သည်။
မန်စီးတီးသည် ကက်ပီတယ်ဝမ်းဖလားဗိုလ်လုပွဲမကစားမီ ၄ ရက်အလို လာမည့်ဗုဒ္ဓဟူးနေ့တွင် ချန်ပီယံလိဂ် ၁၆ သင်းအဆင့် ရှုံးထွက်ပွဲစဉ်အဖြစ် ဒိုင်နမိုကိဗ်နှင့် ပထမအကျော့ အဝေးကွင်းပွဲစဉ်ကစားရမည်ဖြစ်သည်။
ပယ်လီဂရီနီက”နောက်တစ်ပွဲအတွက်က အမြဲတမ်းဦးစားပေးပါပဲ။ ဒါပေမဲ့ ဒဏ်ရာရကစားသမားများနေလို့ ခြွင်းချက်တော့ ထားရပါမယ်။ ကျွန်တော်တို့အသင်းမှာ ဒဏ်ရာမရှိဘဲ ကစားနိုင်တဲ့ကစားသမား ၁၃ ယောက်ရှိတယ်။ ဗုဒ္ဓဟူးနေ့ကျရင်လည်း ချန်ပီယံလိဂ်ပွဲစဉ်ကစားရဦးမယ်ဆိုတော့ ချဲလ်ဆီးနဲ့ပွဲမှာ အကောင်းဆုံးအခြေအနေဖန်တီးနိုင်မယ့်အသင်းကိုပဲ ပွဲထုတ်ရပါလိမ့်မယ်။ ပြိုင်ပွဲတိုင်းကိုတော့ လူအင်အားအတောင့်တင်းဆုံးဖြစ်အောင် ကြိုးစားကစားစေပါတယ်။ ပြိုင်ပွဲတိုင်းက အရေးပါပေမယ့် ချန်ပီယံလိဂ်ကတော့ ပထမဦးစားပေးပါပဲ”ဟု ပြောကြားခဲ့သည်။
၂၀၁၂ အက်ဖ်အေဖလားချန်ပီယံ မန်စီးတီးသည် လက်ရှိအချိန်တွင် ဖလား ၄ လုံးလမ်းကြောင်းပေါ်၌ရှိနေသေးပြီး ဖေဖော်ဝါရီ ၂၁ မှ မတ်လ ၂ ရက်အထိ စုစုပေါင်း ၁၁ ရက်အတွင်း ပြိုင်ပွဲတစ်ခုစီမှ ပွဲစဉ် ၁ ပွဲစီ စုစုပေါင်း ၄ ပွဲ ကစားရမည်ဖြစ်သည်။
Next : အင်္ဂလန်ရိုးရာ အက်ဖ်အေပြန်ကန်ပွဲစဉ်များကို မဖျက်သိမ်းသင့်ဟု အာစင်ဝင်းဂါးယူဆ