မန်ယူဂိုးသမားဒီဂီယာ၏ဒူးဒဏ်ရာ ပြင်းထန်မှုမရှိ

Share on Facebook0Tweet about this on TwitterShare on Google+0Share on Reddit0
4
မစ်ဂျေလန်းနှင့်ဒုတိယအကျော့ပွဲတွင် ပြန်ကစားနိုင်ဖွယ်ရှိသည့် ဒီဂီယာ

မန်ယူဂိုးသမားဒီဂီယာသည် ဒူးဒဏ်ရာကို ဓာတ်မှန်ရိုက်စစ်ဆေးခဲ့ပြီးနောက် ပြင်းထန်မှုမရှိဟူသော ရလဒ်ထွက်ပေါ်လာသဖြင့် ဒဏ်ရာပြဿနာကြုံနေရသော မန်ယူအတွက် စိတ်သက်သာရာရစေခဲ့သည်ဟု သိရှိရသည်။

အဆိုပါစပိန်ဂိုးသမားသည် မစ်ဂျေလန်းနှင့်ကစားခဲသည့် ယူရိုပါလိဂ်ပွဲစဉ်မတိုင်မီ သွေးပူလေ့ကျင့်ခန်းဆင်းရာ၌ ဒဏ်ရာရခဲ့ခြင်းဖြစ်ပြီး သောကြာနေ့က ဓာတ်မှန်ရိုက်စစ်ဆေးရာတွင် ဒူးဒဏ်ရာမှာပြင်းထန်မှုမရှိကြောင်း မန်ယူဆေးအဖွဲ့က သတင်းထုတ်ပြန်ခဲ့သည်။

ဒီဂီယာသည် ယခုဒဏ်ရာကြောင့် တနင်္လာနေ့အက်ဖ်အေပွဲစဉ်တွင် ပါဝင်ရန် မသေချာသေးသော်လည်း လာမည့်ကြာသပတေးနေ့တွင် အိမ်ကွင်း၌ကစားရမည့် မစ်ဂျေလန်းနှင့် ယူရိုပါလိဂ်ဒုတိယအကျော့ပွဲစဉ်တွင် ပြန်လည်ပါဝင်လာနိုင်ကြောင်း သိရှိရသည်။

comments

error: Content is protected !!