ဘာစီလိုနာသမိုင်းတစ်လျှောက်သွင်းဂိုးစုစုပေါင်း၏ ၄.၃၉ ရာခိုင်နှုန်းကို မက်ဆီသွင်းယူထား

Share on Facebook0Tweet about this on TwitterShare on Google+0Share on Reddit0
4
ဘာစီလိုနာတွင် စံချိန်များစွာတင်ရှိထားသည့် မက်ဆီ

မက်ဆီသည် ၁၈၉၉ ခုနှစ်ကစတင်တည်ထောင်ခဲ့ကာ သက်တမ်း ၁၁၇ နှစ်ရှိပြီဖြစ်သော ဘာစီလိုနာသမိုင်းတစ်လျှောက်သွင်းဂိုးစုစုပေါင်း၏ ၄.၃၉ ရာခိုင်နှုန်းကိုသွင်းယူနိုင်ခဲ့ပြီးဖြစ်ကာ ထိုကိန်းဂဏန်းမှာ ဘာစီလိုနာသွင်းယူထားသောဂိုး ၂၀ တိုင်းတွင် ၁ ဂိုးနှုန်းခန့်ဖြစ်သည်။

ဗုဒ္ဓဟူးနေ့ကကစားခဲ့သော စပို့တင်းဂီဂျွန်နှင့်ပွဲစဉ်တွင် မက်ဆီသည် ၎င်းအတွက် လာလီဂါသွင်းဂိုး ၃၀၀ နှင့်ဘာစီလိုနာသမိုင်းတစ်လျှောက် ဂိုးပေါင်း ၁၀၀၀၀ ပြည့်မြောက်သောဂိုး အပါအ၀င် ၂ ဂိုးသွင်းယူနိုင်ခဲ့သည်။

မက်ဆီသည် ဘာစီလိုနာ၏ သမိုင်းတစ်လျှောက် ၉၀၀၀ ပြည့်ဂိုးကိုလည်း ၂၀၁၀ မတ်လက အယ်လ်မီရီယာနှင့်ပွဲစဉ်တွင် သွင်းယူနိုင်ခဲ့သည်။

မက်ဆီသည် ဘာစီလိုနာနှင့်အတူ လာလီဂါအမှတ်ပေးဖလား ၄ ကြိမ်၊ ချန်ပီယံလိဂ်ဖလား ၂ ကြိမ်၊ စပိန်ဘုရင့်ဖလား ၂ ကြိမ်၊ စပိန်စူပါဖလား ၃ ကြိမ်၊ ကမ္ဘာ့ကလပ်ချန်ပီယံ ၂ ကြိမ်၊ ယူရိုပီယန်စူပါဖလား ၂ ကြိမ် ရယူနိုင်ခဲ့သည်။

ဘာစီလိုနာ၏ ၆၀၀၀ ပြည့်ဂိုးကို ၁၉၈၃ ခုနှစ်က မာရာဒိုနာကလည်းကောင်း၊ ၇၀၀၀ ပြည့်ဂိုးကို ၁၉၉၃ ခုနှစ်က လောဒရပ်ကလည်းကောင်း သွင်းယူနိုင်ခဲ့ပြီး ၉၀၀၀ ပြည့်နှင့် ၁၀၀၀၀ ပြည့်ဂိုးကို မက်ဆီကသွင်းယူခဲ့သည်။

comments

error: Content is protected !!