ဖာဘရီဂတ်စ်နှင့် အီဘရာမိုဗစ်တို့ ပွဲအပြီးတွင် အပြန်အလှန်စကားများခဲ့

Share on Facebook0Tweet about this on TwitterShare on Google+0Share on Reddit0
4
ပွဲချိန်အတွင်း ဘောလုံးယှဉ်လုနေသည့် အီဘရာဟီမိုဗစ်နှင့် ဖာဘရီဂတ်စ်

အင်္ဂါနေ့ညက ပီအက်စ်ဂျီကို ၂-၁ ဖြင့်ရှုံးနိမ့်ခဲ့သောပွဲစဉ်အပြီးတွင် ချဲလ်ဆီးကစားသမား ဖာဘရီဂတ်စ်နှင့် ပြိုင်ဘက်တိုက်စစ်မှူး အီဘရာမိုဗစ်တို့ အပြန်အလှန်စကားများခဲ့ကြကြောင်း သိရှိရသည်။

အီဘရာမိုဗစ်သည် ပွဲကစားချိန်အတွင်း ချဲလ်ဆီးကစားသမားများကို ပြောဆိုခဲ့ခြင်းများနှင့်ပတ်သက်၍ ချဲလ်ဆီးအသင်းသားများက မကျေမနပ်ဖြစ်ခဲ့ပြီး ကွင်းတွင်းမှထွက်ခွာချိန်တွင် ဖာဘရီဂတ်စ်က အီဘရာမိုဗစ်ကို ပြန်လည်ရှင်းလင်းပြောဆိုရန် ဒေါသတကြီးတောင်းဆိုခဲ့သည်။

ဖာဘရီဂတ်စ်၏ပြောဆိုမှုကို အီဘရာမိုဗစ်က ကနဦးတွင်နှုတ်ဆိတ်နေခဲ့ပြီးနောက် ပြန်လည်ချေပပြောဆိုခဲ့ပြီး အခြားချဲလ်ဆီးကစားသမားများနှင့်လည်း အပြန်အလှန်စကားများခဲ့ကြောင်းသိရသည်။

ထိုပွဲတွင်ပီအက်စ်ဂျီအတွက် အဖွင့်ဂိုးသွင်းယူပေးခဲ့သော အီဘရာမိုဗစ်သည် လာမည့်နွေရာသီတွင် ပရီးမီးယားလိဂ်သို့လာရောက်ကစားလိုသည်ဟု ပြောဆိုခဲ့ကြောင်း သတင်းများထွက်ပေါ်နေသူဖြစ်သည်။

comments

error: Content is protected !!