မန်ယူတိုက်စစ်မှူးရွန်နီ ၆ ပတ်နားရမည်

Share on Facebook0Tweet about this on TwitterShare on Google+0Share on Reddit0
4
၆ ပတ်ကြာအနားယူရမည့် ရွန်နီ

မန်ယူနှင့် အင်္ဂလန်အသင်းခေါင်းဆောင် ၀ိန်းရွန်နီသည် ဒူးဒဏ်ရာကြောင့် ၆ ပတ်ကြာအနားယူရမည်ဖြစ်ကြောင်း သိရှိရသည်။

ရွန်နီမှာ ထိုဒဏ်ရာကို ဆန်းဒါးလန်းအား အရေးနိမ့်ခဲ့သည့်ပွဲစဉ်တွင် ရရှိခဲ့ခြင်းဖြစ်ပြီး မန်ယူနှင့်ပွဲစဉ် ၈ ပွဲကို လွဲချော်ရမည်ဖြစ်သည်။

“သူက ဂိုးအများကြီးသွင်းထားတာဖြစ်လို့ ကျွန်တော်တို့အတွက် အရမ်းအရေးပါတဲ့သူပါ။ ကျွန်တော်တို့ အဲဒီပြဿနာကို ဖြေရှင်းရပါလိမ့်မယ်”ဟု မန်ယူနည်းပြ ဗန်ဟားလ်က ပြောကြားခဲ့သည်။

အသက် ၃၀ အရွယ် ထိုကစားသမားမှာ ယနေ့ညကစားမည့် ယူရိုပါလိဂ်လူစာရင်းတွင် ပါဝင်လာခြင်းမရှိချေ။

ရွန်နီသည် ဆန်းဒါးလန်းနှင့်ပွဲကို ဒဏ်ရာရှိနေသော်လည်း ပါဝင်ကစားခဲ့ပြီး ဗန်ဟားလ်က ထိုကစားသမား၏ဒဏ်ရာမှာ ပြင်းထန်မှုမရှိဟု ငြင်းဆန်ခဲ့သည်။

“သူက ပွဲအပြီးအထိ ကစားချင်တဲ့သူပါ။ ဒဏ်ရာကြောင့် သူနာနေလည်း လူစားလဲခံမှာမဟုတ်ဘူး။ သူက အနိုင်လိုချင်တဲ့သူပါ။ အဲဒီစိတ်ဓာတ်က ကောင်းပေမယ့် တစ်ခါတလေမှာ သူ့ခန္ဓာကိုယ်အတွက်တော့ ဆိုးပါတယ်”ဟု ဗန်ဟားလ်က ဖြည့်စွက်ပြောကြားခဲ့သည်။

ရွန်နီမှာ ဂျာမနီ၊ နယ်သာလန်တို့နှင့်ကစားမည့် မတ်လနှောင်းပိုင်း အင်္ဂလန်လက်ရွေးစင် ခြေစွမ်းပွဲများကို လွဲချော်ဖွယ်ရှိနေသော်လည်း ယူရို-၂၀၁၆ ပြိုင်ပွဲတွင်မူ ပါဝင်ရန် သေချာသလောက်ရှိနေသည်။

comments

error: Content is protected !!