ပထမဆုံးလာလီဂါသွင်းဂိုး ၃၀၀ ပြည့်ကစားသမားအဖြစ် မက်ဆီမှတ်တမ်းဝင်
|
ပထမဆုံးလာလီဂါသွင်းဂိုး ၃၀၀ ပြည့်ခဲ့သည့် မက်ဆီ
ဘာစီလိုနာတိုက်စစ်မှူးမက်ဆီသည် စပို့တင်းဂီဂျွန်နှင့်ကစားခဲ့သည့် ယမန်နေ့က လာလီဂါပွဲကျန်တွင် ၂ ဂိုးသွင်းယူခဲ့သဖြင့် လာလီဂါသွင်းဂိုး ၃၀၀ ပြည့်မြောက်သည့် ပထမဆုံးကစားသမားဖြစ်လာခဲ့သည်။
ဘာစီလိုနာမှာလည်း ထိုပွဲအနိုင်ကြောင့် အမှတ်ပေးဇယားဒုတိယနေရာမှအသင်းကို ၆ မှတ်ဖြတ်ထားနိုင်ခဲ့ပြီး ၃၁ ပွဲရှုံးပွဲမရှိစံချိန်ရရှိကာ စပိန်ပြည်တွင်းစံချိန် ဆက်လက်ထိန်းသိမ်းနိုင်ခဲ့သည်။
မက်ဆီမှာ ၎င်း၏ ၃၀၀ ပြည့်ဂိုးကို ဂိုးဧရိယာပြင်ပမှသွင်းယူခဲ့ပြီး ဆွာရက်ဇ်၏ပေးပို့မှုမှတစ်ဆင့် ဒုတိယဂိုးသွင်းယူခဲ့သည်။
သို့သော် မက်ဆီအတွက် ဂိုးဖန်တီးခဲ့သည့် ဆွာရက်ဇ်မှာ ပင်နယ်တီမှ ဂိုးမသွင်းယူနိုင်ခဲ့သဖြင့် ဘာစီလိုနာသည် ပွဲချိန်အတွင်းရရှိသည့် ယခုရာသီ ပင်နယ်တီ ၁၅ ကြိမ်တွင် ၇ ကြိမ်မြောက် ဂိုးမရရှိမှုဖြစ်ခဲ့သည်။
Prev : မန်ယူတိုက်စစ်မှူးရွန်နီ ၆ ပတ်နားရမည်
Next : စပါးဂိုးသမား ဟူဂိုလိုရစ် ယူရိုပါလိဂ်ပွဲစဉ်ကို လွဲချော်မည်
Next : စပါးဂိုးသမား ဟူဂိုလိုရစ် ယူရိုပါလိဂ်ပွဲစဉ်ကို လွဲချော်မည်