စပါးဂိုးသမား ဟူဂိုလိုရစ် ယူရိုပါလိဂ်ပွဲစဉ်ကို လွဲချော်မည်
|
စပါးဂိုးသမား ဟူဂိုလိုရစ်သည် ပခုံးဒဏ်ရာကြောင့် ဖီအိုရင်တီးနားနှင့် ယနေ့ကစားမည့် ယူရိုပါလိဂ် ၃၂ သင်းရှုံးထွက်အဆင့် ပထမအကျော့ပွဲစဉ်ကို လွဲချော်မည်ဖြစ်ကြောင်း သိရှိရသည်။
ပြင်သစ်လက်ရွေးစင် အသက် ၂၉ နှစ်အရွယ် ထိုဂိုးသမားသည် မန်စီးတီးအနိုင်ရခဲ့သည့် ပရီးမီးယားလိဂ်ပွဲစဉ်တွင် ယခုဒဏ်ရာရရှိခဲ့ခြင်းဖြစ်ပြီး တနင်္ဂနွေနေ့တွင် အက်ဖ်အေဖလား ပဉ္စမအဆင့်အဖြစ် ခရစ္စတယ်ပဲလေ့စ်နှင့်ကစားရမည့်ပွဲကိုလည်း လွဲချော်မည်ဖြစ်သည်။
စပါးနည်းပြ ပိုချက်တီနိုက”ဒဏ်ရာအကြီးစား မဟုတ်ပါဘူး။ အသေးစားဒဏ်ရာလေးပါ။ နောက်တစ်ပတ် ကြာသပတေးနေ့ပွဲမှာ သူကစားနိုင်မလားဆိုတာ ဒီတစ်ပတ်အတွင်း စောင့်ကြည့်ရမှာဖြစ်ပေမယ့် ဒီနေ့နဲ့ တနင်္ဂနွေပွဲတွေကိုတော့ သေချာပေါက်လွဲချော်မှာပါ”ဟု ဆိုသည်။
ယခုရာသီတွင် စပါးအတွက် ၃၁ ပွဲကစားပေးထားသော ဟူဂိုလိုရစ်၏နေရာတွင် ဟော်လန်ဂိုးသမား မိုက်ကယ်ဗွန်းက ၀င်ရောက်ကစားမည်ဟု သိရှိရသည်။
Next : ဆူဇူကီးပြိုင်ပွဲမတိုင်ခင် ၃ လ လေ့ကျင့်ချိန်ရတာဟာ ကျွန်တော်တို့အတွက် အားသာချက်ပါ (မြန်မာ့လက်ရွေးစင်အသင်းနည်းပြချုပ် ဂတ်ဖရိုင်းဒရစ်ခ်ျနှင့်တွေ့ဆုံခြင်း)