၂+၁ စည်းမျဉ်းသစ်သည် AFC ပြိုင်ပွဲဝင်အသင်းများကို အခက်တွေ့စေဟု ရန်ကုန်နည်းပြချုပ်ဆို

Share on Facebook0Tweet about this on TwitterShare on Google+0Share on Reddit0
4
ပြည်ပကစားသမားအသုံးပြုခွင့်စည်းမျဉ်းသစ်အပေါ် မှတ်ချက်ပြုခဲ့သည့် ရန်ကုန်နည်းပြချုပ် မာယန်

အောင်သော်ဖြိုး။
ဖေဖော်ဝါရီ ၁၇။

မြန်မာနိုင်ငံဘောလုံးအဖွဲ့ချုပ်က ယခုနှစ်တွင် စတင်ကျင့်သုံးခဲ့သည့် ပွဲကစားချိန်အတွင်း နိုင်ငံခြားသား ကစားသမား ၃ ဦးသာ အသုံးပြုခွင့်ပေးသည့်စည်းမျဉ်းသည် AFC ၊ ACL ပြိုင်ပွဲများသွားရောက်ယှဉ်ပြိုင်မည့် ရန်ကုန်ယူနိုက်တက်၊ ဧရာဝတီယူနိုက်တက်တို့ကို အခက်တွေ့စေကြောင်း ရန်ကုန်ယူနိုက်တက်နည်းပြ မာယန်က ပြောကြားလိုက်သည်။

AFC ၊ ACL ပွဲစဉ်များတွင် ကျင့်သုံးနေသည့် နိုင်ငံခြားသားကစားသမားခွင့်ပြုသည့် စည်းမျဉ်းမှာ ၃+၁ ဖြစ်သည့်အတွက် မြန်မာနေရှင်နယ်လိဂ်တွင်ကျင့်သုံးနေသည့် ၂+၁ စည်းမျဉ်းဖြင့် ယှဉ်ပြိုင်နေကြသည့် အသင်းများဖြစ်သော ရန်ကုန်၊ ဧရာဝတီတို့မှာ AFC နှင့် ACL ပွဲစဉ်များ သွားရောက်ယှဉ်ပြိုင်လျှင် ကစားကွက်အပြောင်းအလဲရှိသည့်အတွက် အခက်အခဲရှိနေကြောင်း ၎င်းက ရှင်းပြခဲ့သည်။

ရန်ကုန်ယူနိုက်တက်သည် ACL ရှုံးထွက်ပွဲစဉ်တစ်ပွဲဖြစ်သည့် ချောင်ဘူရီနှင့်ပွဲစဉ်တွင် နိုင်ငံခြားသားကစားသမား ၄ ဦးလုံးအသုံးပြုခဲ့ပြီး ၃-၂ ဖြင့်ရှုံးနိမ့်ခဲ့သော်လည်း ပြည်တွင်းပွဲစဉ်များထက် ခြေစွမ်းကောင်းမွန်ခဲ့ပြီး ဧရာဝတီယူနိုက်တက်မှာလည်း AFC ပြိုင်ပွဲသွားရောက်ယှဉ်ပြိုင်ရန် ရှိနေသည်။

comments

error: Content is protected !!