ရော်နယ်ဒိုကို လူကပ်ကစားရန်အစီအစဉ်မရှိကြောင်း ရိုးမားနည်းပြစပယ်လက်တီပြော

Share on Facebook0Tweet about this on TwitterShare on Google+0Share on Reddit0
4
ပွဲကြိုသတင်းစာရှင်းလင်းပွဲတွင်တွေ့ရသည့် စပယ်လက်တီ

ရိုးမားနည်းပြစပယ်လက်တီက ချန်ပီယံလိဂ်ရှုံးထွက်ပွဲစဉ်တွင် ရီးရဲလ်ကစားသမားရော်နယ်ဒိုကို ပိတ်ဆို့ကစားရန်အစီအစဉ်မရှိကြောင်း ပြောကြားလိုက်သည်။

ရိုးမားသည်ချန်ပီယံလိဂ်အုပ်စုအဆင့်ပွဲစဉ်များတွင် ၁၆ ဂိုးအထိခွင့်ပြုထားရသော်လည်း စပယ်လက်တီက ရော်နယ်ဒို တစ်ဦးတည်းကို လူကပ်ကစားစေခြင်းဖြင့် ရိုးမားကစားသမားများ၏အင်အားကို အလဟဿအဖြစ်မခံနိုင်ကြောင်း ပြောကြားခဲ့သည်။

“ကျွန်တော့်ကစားသမား ၃ ယောက်လောက်သုံးပြီး ရော်နယ်ဒိုကိုလူကပ်ကစားခိုင်းမှာမဟုတ်ပါဘူး။ ကျွန်တော့်ကစားသမားတစ်ယောက်ဟာ ရော်နယ်ဒိုရဲ့ခြေစွမ်း ၃ ပုံ ၁ ပုံပဲရှိတာမဟုတ်ပါဘူး။ အဲဒီလိုသာဆိုရင် သူတို့နဲ့ကစားဖို့ ကျွန်တော်တို့ကစားသမား ၃၃ ယောက်လောက်လိုနေမှာပေါ့။ ကျွန်တော့်ကစားသမားတွေရဲ့ခြေစွမ်း တဖြည်းဖြည်းကောင်းမွန်လာနေပါတယ်။ ကျွန်တော်တို့လည်း နောက်တစ်ဆင့်ကိုရောက်ဖို့ ၅၀ရာခိုင်နှုန်း ရှိနေပါတယ်။ ရောက်ခဲ့ရင်လည်း ကျွန်တော်အံ့သြမှာမဟုတ်ပါဘူး”ဟု ပြောကြားခဲ့သည်။

ရော်နယ်ဒိုသည် ချန်ပီယံလိဂ်တွင် သွင်းဂိုး ၈၈ ဂိုးဖြင့် ပြိုင်ပွဲတစ်လျှောက် ဂိုးသွင်းအများဆုံးစံချိန်တင်ထားနိုင်ပြီး ယခုဘောလုံးရာသီတွင်လည်း ၁၁ ဂိုးသွင်းယူထားနိုင်ခဲ့သည်။

ရိုးမားသည် အုပ်စုအဆင့်တွင် ၁ ပွဲသာအနိုင်ရခဲ့ကာ ဘာစီလိုနာကိုလည်း ၆-၁ ဖြင့်ရှုံးနိမ့်ထားပြီး ရီးရဲလ်မှာ အုပ်စုအဆင့်ပွဲစဉ် ၆ ပွဲတွင် ၅ ပွဲအနိုင်ရအောင်စွမ်းဆောင်ထားနိုင်ပြီး သွင်းဂိုးမှာလည်း ၁၉ ဂိုးအထိရှိခဲ့သည်။

comments

error: Content is protected !!