ချန်ပီယံလိဂ်ပွဲကြိုသတင်းစာရှင်းလင်းပွဲမှ ရော်နယ်ဒို ဒေါသတကြီးထွက်ခွာသွားခဲ့

Share on Facebook0Tweet about this on TwitterShare on Google+0Share on Reddit0
4
ပွဲကြိုသတင်းစာရှင်းလင်းပွဲတွင်တွေ့ရသည့် ရော်နယ်ဒို

ရီးရဲလ်တိုက်စစ်မှူးရော်နယ်ဒိုသည် အင်္ဂါနေ့ကပြုလုပ်သော ပွဲကြိုသတင်းစာရှင်းလင်းပွဲတွင် ယခုဘောလုံးရာသီ၌ ၎င်း၏အဝေးကွင်းမှတ်တမ်းနှင့်ပတ်သက်၍ မေးမြန်းခံရမှုကြောင့် ဒေါသတကြီးထွက်ခွာသွားခဲ့ကြောင်း သိရှိရသည်။

အသက် ၃၁ အရွယ်ရော်နယ်ဒိုသည် ယခုဘောလုံးရာသီတွင် ရီးရဲလ်အတွက် ၃၂ ဂိုးသွင်းယူထားနိုင်သော်လည်း  အဝေးကွင်းပွဲစဉ်များတွင် နိုဝင်ဘာလ ၂၉ ရက်နေ့ကတည်းက ဂိုးပေါက်ပျောက်ဆုံးနေခဲ့သည်။

“စပိန်ကို ကျွန်တော်ရောက်ပြီးကတည်းက ဘယ်သူကများကျွန်တော့်ထက် အဝေးကွင်းမှာ ဂိုးပိုသွင်းနိုင်ခဲ့လဲ။ ကျွန်တော့်ထက်ပိုသွင်းနိုင်တဲ့ ကစားသမားရှိရင်ပြောပါ။ မဖြေနိုင်ဘူးလား။ ကောင်းပြီ။ ကျေးဇူးပဲ။ ကျွန်တော့်ခြေစွမ်းနဲ့ပတ်သက်ပြီး သံသယ၀င်တာကို ကျွန်တော်နားလည်နိုင်ပါတယ်။ ဥပမာပြောရရင် မိဘက ကလေးတစ်ယောက်ကို လိုချင်တာအားလုံးပေးထားပြီးမှ အဲဒါတွေပြန်ယူသွားတဲ့အချိန်မှာ ငိုသလိုပေါ့။ ရာသီကုန်တဲ့အထိ ပုံစံကောင်းမဟုတ်တဲ့ အခုလိုခြေစွမ်းကို ကျွန်တော်ဆက်ထိန်းသိမ်းထားနိုင်မယ်ထင်တယ်”ဟု ချန်ပီယံလိဂ်ပြိုင်ပွဲတစ်လျှောက် ဂိုးအများဆုံးသွင်းယူထားနိုင်သော ရော်နယ်ဒိုကပြောကြားခဲ့သည်။

ပေါ်တူဂီကစားသမား ရော်နယ်ဒိုသည် ပြီးခဲ့သည့်ဒီဇင်ဘာလက ချန်ပီယံလိဂ်အုပ်စုအဆင့်ပွဲစဉ်များတွင် ၁၀ ဂိုးအထိသွင်းယူနိုင်သော ပထမဆုံးကစားသမားအဖြစ် မှတ်တမ်းဝင်ခဲ့သည်။

ယခုနှစ်ဘောလုံးရာသီ ရော်နယ်ဒိုသွင်းယူခဲ့သောဂိုးများတွင် ၁၁ ဂိုးမှာ အဝေးကွင်းတွင် ရယူနိုင်ခဲ့ခြင်းဖြစ်သော်လည်း နောက်ဆုံးကစားခဲ့သော အဝေးကွင်း ၄ ပွဲဆက် ဂိုးပေါက်ပျောက်ဆုံးနေခဲ့သည်။

comments

error: Content is protected !!