အက်ဖ်အေပြန်ကန်ပွဲများကို ပွဲစဉ်ဇယားမှဖယ်ထုတ်ရန် ဆန်းစစ်မှုများပြုလုပ်နေ

Share on Facebook0Tweet about this on TwitterShare on Google+0Share on Reddit0
4

အက်ဖ်အေဖလားပြန်ကန်ပွဲများနှင့် ကြားရက်ပွဲစဉ်များကို အင်္ဂလန်ဘောလုံးပြက္ခဒိန်မှဖယ်ထုတ်ရန် လေ့လာဆန်းစစ်မှုများပြုလုပ်လျက်ရှိကြောင်း သိရှိရသည်။

အက်ဖ်အေဖလားပြန်ကန်ပွဲများနှင့် ကြားရက်ပွဲစဉ်များ ကစားရသည့်အချိန်သည် ဥရောပပြိုင်ပွဲပွဲစဉ်များဖြင့် ပြည့်နှက်နေသောပွဲကျပ်ကာလများဖြစ်နေ၍ ပရီးမီးယားလိဂ်ထိပ်သီးအသင်းများက ချန်ပီယံလိဂ်၊ ယူရိုပါလိဂ် အစရှိသော ဥရောပပွဲစဉ်များတွင် ပွဲပန်းမှုကြောင့် ၎င်းတို့၏အသင်းများ ဥရောပအဆင့်တွင်အောင်မြင်မှုရရန် အခွင့်အရေးများထိခိုက်မည်ကို စိုးရိမ်နေကြသည်။

အက်ဖ်အေကလည်း ပွဲကျပ်ကာလများပြည့်နှက်နေသော ဘောလုံးရာသီကြောင့် နွေရာသီတွင် ယှဉ်ပြိုင်ကစားသောနိုင်ငံတကာပြိုင်ပွဲများအတွက် အင်္ဂလန်လက်ရွေးစင်အသင်း ပွဲပန်းနေမည်ကို စိုးရိမ်လျက်ရှိသည်။

လိဂ်ဖလားရှုံးထွက်ပွဲစဉ်များကိုလည်း နှစ်ကျော့ယှဉ်ပြိုင်ကစားရာမှ တစ်ကျော့တည်း ယှဉ်ပြိုင်ကစားသင့်ကြောင်း ဆွေးနွေးမှုများရှိနေသည်ဟုလည်း ဘီဘီစီက ဖော်ပြခဲ့သည်။

ထိုပွဲစဉ်များကို အင်္ဂလန်ဘောလုံးပြက္ခဒိန်မှပယ်ဖျက်ရန် ဆွေးနွေးမှုများသည် လက်ရှိအချိန်တွင် ကနဦးအဆင့်သာရှိသေးပြီး အကယ်၍အက်ဖ်အေဖလားကို ပြောင်းလဲမှုများပြုလုပ်မည်ဆိုလျှင် ရုပ်သံကုမ္ပဏီများနှင့်ချုပ်ဆိုထားသော စာချုပ်သက်တမ်းကုန်ဆုံးမည့် ၂၀၁၈ အကုန်မှသာ ပြောင်းလဲနိုင်မည်ဖြစ်ပြီး လိဂ်ဖလားကိုပြောင်းလဲမှုပြုလုပ်ရန်လည်း ခွင့်ပြုမိန့်လိုအပ်မည်ဖြစ်သည်။

နောက်ဆုံးသိရှိရသောသတင်းများအရ ယခုအစီအစဉ်ကို အောက်တန်းအသင်းများက ဆန့်ကျင်လျက်ရှိပြီး ၎င်းတို့အသင်းများအတွက် ၀င်ငွေလျော့နည်းမည်ကို စိုးရိမ်လျက်ရှိကြကြောင်း သိရှိရသည်။

comments

error: Content is protected !!