ပီအက်စ်ဂျီကွင်းလယ်လူဗာရာတီ အသင်းနှင့်စာချုပ်သက်တမ်းတိုး

Share on Facebook0Tweet about this on TwitterShare on Google+0Share on Reddit0
zzz
Photo: ပီအက်စ်ဂျီနှင့် စာချုပ်သက်တမ်းတိုးခဲ့သည့် ဗာရာတီ(Getty Images)

ကွင်းလယ်လူဗာရာတီသည် ပီအက်စ်ဂျီနှင့်စာချုပ်သက်တမ်းတိုးခဲ့သဖြင့် အသင်းနှင့်အတူ ၂၀၂၀ ခုနှစ်အထိဆက်လက်ရှိနေမည်ဖြစ်သည်။

ပီအက်စ်ဂျီ၏အဓိကကစားသမားတစ်ဦးဖြစ်သော အသက် ၂၃ နှစ်အရွယ်ရှိ အဆိုပါကစားသမားသည် ၂၀၁၂ ခုနှစ်က ပက်စ်ကာရာအသင်းမှ ပြောင်းရွှေ့လာခဲ့ပြီး ယခုဘောလုံးရာသီတွင် အသင်းအတွက် ၂၆ ပွဲထိပါဝင်ကစားပေးထားခဲ့သည်။

“အသင်းနဲ့ စာချုပ်သက်တမ်းတိုးနိုင်ခဲ့တဲ့အတွက် ကျွန်တော်အရမ်းပျော်ပါတယ်။ စရောက်ကတည်းက ကျွန်တော့်ကို ယုံကြည်မှုရှိရှိ နေရာပေးခဲ့တဲ့အတွက်လည်း အသင်းကိုကျေးဇူးတင်ပါတယ်။ ကျွန်တော်ပဲရစ်မြို့ကိုရော ပီအက်စ်ဂျီအသင်းကိုရော ချစ်ပါတယ်။ အသင်းဖော်တွေနဲ့အတူ အောင်မြင်မှုတွေကိုရယူပြီး ကျွန်တော်တို့အသင်းကို ဥရောပမှာ အကောင်းဆုံးအသင်းတစ်သင်းဖြစ်လာစေဖို့ အစွမ်းကုန်ကြိုးစားသွားမှာပါ”ဟု ဗာရာတီကပြောကြားခဲ့သည်။

ပီအက်စ်ဂျီသည် ပြင်သစ်လီဂူး ၁ အမှတ်ပေးဇယားတွင် ၂၄ မှတ်အသာဖြင့် ထိပ်ဆုံးမှဦးဆောင်နေပြီး ယနေ့ညတွင် ချန်ပီယံလိဂ်ရှုံးထွက် ၁၆ သင်းအဆင့် ပထမအကျော့ပွဲစဉ်အဖြစ် ချဲလ်ဆီးနှင့် ယှဉ်ပြိုင်ကစားရမည်ဖြစ်သည်။

Photo: ပီအက်စ်ဂျီနှင့် စာချုပ်သက်တမ်းတိုးခဲ့သည့် ဗာရာတီ(Getty Images)

comments

error: Content is protected !!