အကောင်းဆုံးပြင်ဆင်ခဲ့တယ်၊ အကောင်းဆုံးလုပ်နေရဲ့သားနဲ့ ရလဒ်တွေဆိုးနေတာပါ (ရှမ်းယူနိုက်တက်နည်းပြချုပ် ဦးစိုးမြတ်မင်းနှင့် တွေ့ဆုံမေးမြန်းမှု)

Share on Facebook0Tweet about this on TwitterShare on Google+0Share on Reddit0
zzz
Photo: အကောင်းဆုံးလုပ်ဆောင်နေသော်လည်း ရလဒ်များဆိုးရွားနေသည်ဟု ပြောကြားခဲ့သူ ဦးစိုးမြတ်မင်း (ATP)

Ooredoo MNL-2016 Week -6 အပြီး ရှမ်းယူနိုက်တက်အသင်း၏ နည်းပြချုပ်ဖြစ်လာသူ ယခင်နည်းစနစ်ဒါရိုက်တာ ဦးစိုးမြတ်မင်းအား ဇွဲကပင်အသင်းကို ၁-ဝ ဂိုးဖြင့် ရှုံးနိမ့်ခဲ့သည့် ပွဲအပြီး၌ တွေ့ဆုံမေးမြန်ထားသည်ကို ဖော်ပြလိုက်ပါ
သည်။

ATP – အသင်းက လက်ရှိရလဒ်တွေမကောင်းဘူး။ အဲ့ဒီအပေါ် တာဝန်ရှိသူတစ်ယောက်အနေနဲ့ဘာပြောချင်လဲ။

SMM – အသင်းက လက်ရှိရလဒ်မကောင်းဘူး။ အဲဒါ ငြင်းပယ်လို့မရတဲ့အခြေအနေတစ်ခုပါ။ ရာသီအစမှာအကောင်းဆုံးပြင်ဆင်ခဲ့တယ်။ အကောင်းဆုံးလုပ်နေရဲ့သားနဲ့ အသင်းကရလဒ်ဆိုးနေတာပါ။ ဒါပေမဲ့ ပွဲတွေအများကြီးကျန်ပါေ
သးတယ်။ အမှားတွေကိုပြင်ပြီး အကောင်းဆုံးပုံစံရအောင် အားလုံးဝိုင်းပြီးကြိုးစားရမှာပါ။

ATP – အသင်းက ဘယ်လိုအချက်တွေအားနည်းနေတယ်လို့မြင်လဲ။

SMM – အဓိကကတော့ ကစားသမားတွေ အသင်းလိုက်ကစားပုံအားနည်းနေတာပါ။ ကျွန်တော်တို့ အဲဒါကို ပြင်ဆင်နိုင်မယ်လို့ထင်ပါတယ်။

ATP – ရှမ်းယူနိုက်တက်ရဲ့ ရာသီကြိုကစားသမားခေါ်ယူမှု၊ ပြင်ဆင်မှုတွေကို အစ်ကိုကလုပ်ခဲ့တယ်လို့သိရတယ်။ ဒါပေမဲ့ အသင်းက နိုင်ငံခြားသားနည်းပြကို ခေါ်ယူလိုက်တာဟာ အသင်းရလဒ်ဆိုးရွားနေမှုတွေနဲ့ဆိုင်မလား။

SMM – သူလည်းအတတ်နိုင်ဆုံးကြိုးစားခဲ့တာပါ။ အသင်းတာဝန်ရှိသူတွေအားလုံးမှာတာဝန်ရှိပါတယ်။ အဓိကအချက်က ကစားသမားတွေ နားလည်မှုမရသေးတာပါ။ ဒီအချက်ကိုလည်း အသင်းတာဝန်ရှိသူတွေ အားလုံးပြင်ဆင်နို
င်မယ်လို့မျှော်လင့်ပါတယ်။ လာမယ့် ပွဲတွေမှာ ပရိသတ်ကျေနပ်အောင် စွမ်းဆောင်နိုင်မယ်လို့မျှော်လင့်ပါတယ်။

Photo: အကောင်းဆုံးလုပ်ဆောင်နေသော်လည်း ရလဒ်များဆိုးရွားနေသည်ဟု ပြောကြားခဲ့သူ ဦးစိုးမြတ်မင်း (ATP)

comments

error: Content is protected !!