လက်စတာကိုအနိုင်ရခဲ့ခြင်းက စိတ်ဓာတ်ပိုင်းဆိုင်ရာ စာမေးပွဲတစ်ခုကို ဖြတ်ကျော်နိုင်ခဲ့ခြင်းဟု အာစင်ဝင်းဂါးပြောကြား

Share on Facebook0Tweet about this on TwitterShare on Google+0Share on Reddit0
zzz
Photo: ခက်ခဲသည့် စာမေးပွဲတစ်ခုဖြတ်ကျော်နိုင်ခဲ့သည်ဟု ပြောကြားခဲ့သည့် အာစင်ဝင်းဂါး (Getty Images)

အာဆင်နယ်နည်းပြအာစင်ဝင်းဂါးက ပရီးမီးယားလိဂ်အမှတ်ပေးဇယားထိပ်မှဦးဆောင်နေသော လက်စတာကိုအနိုင်ရပြီးနောက် ၎င်း၏အသင်းသည် ခက်ခဲသောစိတ်ဓာတ်ပိုင်းဆိုင်ရာ စာမေးပွဲတစ်ခုကို အောင်မြင်စွာဖြတ်ကျော်နိုင်ခဲ့ပြီဟု
ယုံကြည်ကြောင်းပြောကြားခဲ့သည်။

၂၀၁၅ ခုနှစ်၊ ဧပြီလကတည်းက ဒဏ်ရာကြောင့်ပါဝင်ကစားခွင့်မရခဲ့သော တိုက်စစ်မှူးဝဲလ်ဘတ်သည် ၎င်းပွဲစဉ်ဒုတိယပိုင်းပွဲချိန်အတွင်း လူစားဝင်ရောက်ခဲ့ပြီး နာကျင်အချိန်ပိုတွင် အဖိုးတန်အနိုင်ဂိုးကိုသွင်းယူနိုင်ခဲ့သည်။

“ဒီပွဲဟာ အရေးကြီးတဲ့စိတ်ဓာတ်စစ်ဆင်ရေးပွဲတစ်ပွဲဖြစ်ခဲ့ပါတယ်။ ကျွန်တော်တို့ဟာ ခံစစ်အရမ်းမာကျောတဲ့အသင်းတစ်သင်းကို ၁ ဂိုးရှုံးနိမ့်နေတဲ့အနေအထားကနေ စိတ်ဓာတ်ခွန်အားအပြည့်နဲ့ မဆုတ်မနစ်ကြိုးစားပြီး ပြန်လည်ရုန်းထွ
က်နိုင်ခဲ့တာပါ”ဟု အာစင်ဝင်းဂါးကပြောကြားသွားသည်။

ဒူးဒဏ်ရာကြောင့်ကာလရှည်အနားယူနေရပြီး အသင်းနှင့်အတူလေ့ကျင့်ရေးအစီအစဉ်တွင် ပြန်လည်ပါဝင်သည်မှာ ၂ ရက်သာရှိသေးသော ၀ဲလ်ဘတ်သည် ယခုပွဲတွင်လူစားဝင်ကစားခဲ့ပြီး အဖိုးတန်အနိုင်ဂိုးသွင်းယူပေးနိုင်ခဲ့သည်။

တိုက်စစ်မှူးဝဲလ်ဘတ်နှင့်ပတ်သက်၍ အာဆင်နယ်နည်းပြ၀င်းဂါးက “၀ဲလ်ဘတ်ဟာ အရမ်းကောင်းတဲ့ကစားသမားတစ်ဦးပါ။ ၀ဲလ်ဘတ်ဟာ ဒဏ်ရာကသက်သာလာပြီးတော့ ကြံ့ခိုင်မှုပြန်လည် ပြည့်ဝဖို့အစွမ်းကုန်ကြိုးစားခဲ့တာပါ။ သူ့ကို
လူစားလဲကစားစေခဲ့တာဟာ မှန်ကန်တဲ့ဆုံးဖြတ်မှုတစ်ခုဖြစ်ခဲ့ပြီး အားလုံးက သူ့အတွက်ပျော်ရွှင်နေကြပါတယ်”ဟု ပြောကြားခဲ့သည်။

Photo: ခက်ခဲသည့် စာမေးပွဲတစ်ခုဖြတ်ကျော်နိုင်ခဲ့သည်ဟု ပြောကြားခဲ့သည့် အာစင်ဝင်းဂါး (Getty Images)

comments

error: Content is protected !!