ရလဒ်များဆိုးရွားနေမှုကြောင့် နည်းပြရူသာကို ရှမ်းယူနိုက်တက် ထုတ်ပယ်
|
မြန်မာနေရှင်နယ်လိဂ် ၂၀၁၆ ရာသီတွင် ပြင်ဆင်မှုအားအကောင်းဆုံးဖြစ်သည့် ရှမ်းယူနိုက်တက်အသင်းသည် ၆ ပွဲကစားပြီးချိန်တွင် ၆ မှတ်သာရရှိအောင် စွမ်းဆောင်ပေးနိုင်ခဲ့သည့် ဘရာဇီးလူမျိုးနည်းပြရူသာကို နည်းပြချုပ်ရာထူးမှ
ဖယ်ရှားပြီး ဦးစိုးမြတ်မင်းကို နည်းပြချုပ်အဖြစ် ပြန်လည်ကိုင်တွယ်စေခဲ့ကြောင်း သိရှိရသည်။
ဘရာဇီးနည်းပြရူသာနှင့် ရှမ်းယူနိုက်တက်တို့သည် ဖေဖော်ဝါရီလ ၁၅ ရက်နေ့နံနက်ပိုင်းတွင် နှစ်ဦးသဘောတူလမ်းခွဲခဲ့ခြင်းဖြစ်ကြောင်း ရှမ်းယူနိုက်တက်အသင်း၏ Facebook စာမျက်နှာတွင် ဖော်ပြထားသည်။
နည်းပြချုပ်ရူသာသည် ရှမ်းယူနိုက်တက်အသင်းကိုကိုင်တွယ်ခဲ့သည့် အမှတ်ပေးပြိုင်ပွဲ ၆ ပွဲတွင် ၁ ပွဲသာ အနိုင်ရရှိခဲ့ပြီး ၃ ပွဲသရေ၊ ၂ ပွဲရှုံးရလဒ်ထွက်ပေါ်ခဲ့ပြီး လက်ရှိအချိန်တွင် မြန်မာနေရှင်နယ်လိဂ်ပွဲစဉ် ၆ ပွဲ ကစားပြီးချိန်၌ အဆင့် ၆
နေရာတွင် ရမှတ် ၆ မှတ်ဖြင့် ရပ်တည်လျက်ရှိသည်။
Photo: ရှမ်းယူနိုက်တက်မှ ထုတ်ပယ်ခံခဲ့ရသည့် နည်းပြချုပ်ရူသာ (Shan United facebook)
Next : အကောင်းဆုံးပြင်ဆင်ခဲ့တယ်၊ အကောင်းဆုံးလုပ်နေရဲ့သားနဲ့ ရလဒ်တွေဆိုးနေတာပါ (ရှမ်းယူနိုက်တက်နည်းပြချုပ် ဦးစိုးမြတ်မင်းနှင့် တွေ့ဆုံမေးမြန်းမှု)