ယူရိုပါလိဂ်ချန်ပီယံဖြစ်မှသာလျှင် ချန်ပီယံလိဂ်ဝင်ခွင့်လွယ်ကူမည်ဟု ဗန်ဟားလ်ပြောကြား

Share on Facebook0Tweet about this on TwitterShare on Google+0Share on Reddit0
zzz
Photo: ယူရိုပါလိဂ်ချန်ပီယံဖြစ်မှသာ ချန်ပီယံလိဂ်ဝင်ခွင့်လွယ်ကူမည်ဟုဆိုခဲ့သည့် ဗန်ဟားလ် (Getty Images)

မန်ယူနည်းပြဗန်ဟားလ်က ယူရိုပါလိဂ်ဖလားကိုရရှိအောင်စွမ်းဆောင်နိုင်မှသည်သာလျှင် လာမည့်ရာသီချန်ပီယံလိဂ်ဝင်ခွင့်အတွက် အလွယ်ကူဆုံးလမ်းကြောင်းဖြစ်နိုင်ကြောင်း ပြောဆိုသွားခဲ့သည်။

လွန်ခဲ့သောဘောလုံးရာသီကစတင်၍ ပြောင်းလဲခဲ့သောစည်းမျဉ်းအရ ယူရိုပါလိဂ်ဖလားကိုဆွတ်ခူးနိုင်သောအသင်းသည် ချန်ပီယံလိဂ်ခြေစစ်ပွဲနောက်ဆုံးအဆင့် သို့မဟုတ် အုပ်စုအဆင့်သို့ပါဝင်ယှဉ်ပြိုင်ခွင့်ရမည်ဖြစ်သည်။

ချန်ပီယံလိဂ်ဝင်ခွင့်နေရာသို့ ရောက်ရှိနိုင်သေးသလောဟူသော မေးခွန်းနှင့်ပတ်သက်၍ ဗန်ဟားလ်က “တော်တော်ကိုခက်ခဲပါတယ်။ ဒီပွဲရှုံးသွားတော့ ယူရိုပါလိဂ်ဖလားကို အနိုင်ရအောင်ကစားပြီး ချန်ပီယံလိဂ်ဝင်ခွင့်အတွက်ကြိုးစားတာ
အကောင်းဆုံးလမ်းကြောင်းပါ။ ဒါပေမဲ့ ယူရိုပါလိဂ်မှာလည်း အသင်းကောင်းတွေအများကြီးပါဝင်တဲ့အတွက် လွယ်ကူမှာတော့မဟုတ်ပါဘူး”ဟု ပြောကြားသွားခဲ့သည်။

မန်ယူအသင်းသည် စနေနေ့က ဆန်းဒါးလန်းကို ၂-၁ ဖြင့်ရှုံးနိမ့်ခဲ့သောကြောင့် ပရီးမီးယားလိဂ်အမှတ်ပေးဇယားထိပ်ဆုံး ၄ သင်းနှင့် ၆ မှတ်ကွာဟသွားပြီဖြစ်ကာ ယူရိုပါလိဂ်ပွဲစဉ်အဖြစ် ကြာသပတေးနေ့တွင် ဒိန်းမတ်ကလပ် မစ်ဂျေလန်
းအသင်းနှင့်ယှဉ်ပြိုင်ကစားရမည်ဖြစ်သည်။

ဆက်စပ်သတင်းများအရ မန်ယူအသင်းနောက်ခံလူဒါမီယန်သည် ဆန်းဒါးလန်းနှင့်ပွဲတွင် ပခုံးအဆစ်လွဲဒဏ်ရာရရှိခဲ့သောကြောင့် ရက်သတ္တပတ်များစွာအနားယူရမည်ဟုသိရပြီး အဆိုပါသတင်းမှာ ဒဏ်ရာရကစားသမားများပြားနေသော
မန်ယူခံစစ်အတွက်ကြီးမားသည့် ထိုးနှက်ချက်ဖြစ်လာခဲ့သည်။

Photo: ယူရိုပါလိဂ်ချန်ပီယံဖြစ်မှသာ ချန်ပီယံလိဂ်ဝင်ခွင့်လွယ်ကူမည်ဟုဆိုခဲ့သည့် ဗန်ဟားလ် (Getty Images)

comments

error: Content is protected !!