ရန်ကုန်ဒါဘီနဲ့ အညာဒါဘီမှာ ဘယ်သူတွေ နိုင်ပွဲရသွားမလဲဆိုတာ စောင့်ကြည့်ရမယ့် Ooredoo MNL-1 ပွဲစဉ် (၆)

Share on Facebook0Tweet about this on TwitterShare on Google+0Share on Reddit0
zzzz
Photo: အကြိတ်အနယ်ယှဉ်ပြိုင်နေသည့် ရန်ကုန်ယူနိုက်တက် (MNL)

ရခိုင်ယူနိုက်တက် – ဟံသာဝတီ (၁၃-၂-၂၀၁၆) ညနေ ၄ နာရီ၊ သုဝဏ္ဏ

ပြီးခဲ့တဲ့ပွဲစဉ်မှာ မကွေးအသင်းကို သရေကစားနိုင်ခဲ့ပေမယ့် ရခိုင်အသင်းရဲ့ခြေစွမ်းဟာ အကောင်းမွန်ဆုံးပုံစံမှာရှိမနေသေးပါဘူး။ ဘရာဇီးတိုက်စစ်မှူးအန်ဒရေ ပုံမှန်ခြေစွမ်းမရှိသေးလို့ တိုက်စစ်ပိုင်းက အားရစရာအနေအထားမှာမရှိ
တာဟာ ရခိုင်အသင်းရဲ့ အဓိကလိုအပ်ချက်ပါ။ ဟံသာဝတီကတော့ ဒီရာသီမှာ လက်ရှိအချိန်အထိ စိတ်ဓာတ်အမြင့်ဆုံးရောက်နေတဲ့အသင်းဖြစ်တာကြောင့် အိမ်ရှင်ရခိုင်အသင်းအတွက်ခက်ခဲလာပါလိမ့်မယ်။ ရခိုင်အသင်းအတွက်
အားသာချက်အနေနဲ့တော့ ဟံသာဝတီအသင်းရဲ့ အဓိကကစားသမားလို့ပြောလို့ရတဲ့ မောင်မောင်လွင်ဟာ ဟော်ရီဇွန်အသင်းနဲ့ပွဲစဉ်က ဒဏ်ရာကြောင့် ပါဝင်ဖို့မသေချာသေးတာပါ။ ဒီပွဲမှာ ဟံသာဝတီအသင်း နိုင်ပွဲဆက်နိုင်မလား၊ ရ
ခိုင်အသင်းကပဲ အဖိုးတန်ရမှတ်တွေရသွားမလားဆိုတာကတော့ စောင့်ကြည့်ရမှာဖြစ်ပါတယ်။

ဇွဲကပင် – ရှမ်းယူနိုက်တက် (၁၄-၂-၂၀၁၆) ညနေ ၄ နာရီ၊ အောင်ဆန်း

ဇွဲကပင်အသင်းက ဒီရာသီမှာ ခြေစွမ်းပိုမိုကောင်းမွန်လာပြီး နိုင်ငံခြားသား၊ ပြည်တွင်းကစားသမားတွေ အချိတ်အဆက်မိမိရှိနေတဲ့ အသင်းတစ်သင်းပါ။ ရှမ်းယူနိုက်တက်က လက်ရှိအချိန်မှာ အသင်းလိုက်ကစားပုံ အချိတ်အဆက်မမိေ
သးတဲ့အသင်းဖြစ်တဲ့အပြင် အီရန်တိုက်စစ်မှူးဘိရှပ်ကလည်း ဧရာဝတီနဲ့ပွဲစဉ်က အနီကတ်ပြစ်ဒဏ်ကြောင့် ပါဝင်လာမှာမဟုတ်တဲ့အတွက် ဒီပွဲမှာ ဇွဲကပင်အသင်းကို ကျော်ဖြတ်ဖို့ ရုန်းကန်ရမှာပါ။

မကွေး – ဆောက်သမ်းမြန်မာ (၁၄-၂-၂၀၁၆) ညနေ ၄ နာရီ၊ သုဝဏ္ဏ

ဆောက်သမ်းမြန်မာဟာ ဒီနှစ်ရာသီမှာ လက်ရှိအချိန်အထိနိုင်ပွဲမရသေးတဲ့အတွက် ဖိအားများနေတဲ့ အသင်းတစ်သင်းဖြစ်ပါတယ်။ အထူးသဖြင့် အသင်းငယ်တွေနဲ့တွေ့ရင် ခြေစွမ်းမတည်ငြိမ်တတ်တဲ့ မကွေးအသင်းရဲ့ အစဉ်အလြာေ
ကာင့် ဒီပွဲမှာ ဆောက်သမ်းမြန်မာအသင်းကပဲ အဖိုးတန်ရမှတ်ရယူနိုင်မလား၊ မကွေးအသင်းကပဲ အစဉ်အလာဆိုးကို ချေဖျက်နိုင်မလားဆိုတာ ဖေဖော်ဝါရီလ ၁၄ ရက်နေ့ သုဝဏ္ဏကွင်းမှာ အဖြေရှာကြပါလိမ့်မယ်။

ရတနာပုံ – ဇေယျာရွှေမြေ (၁၄-၂-၂၀၁၆) ညနေ ၄ နာရီ၊ ဗထူးကွင်း

အညာဒါဘီလို့ ပြောလို့ရသလို အသင်းကြီး ၂ သင်းရဲ့တွေ့ဆုံရမယ့်ပွဲလည်းဖြစ်ပါတယ်။ လက်ရှိအချိန်အထိ ရတနာပုံအသင်းဟာ ခြေစွမ်းတည်ငြိမ်နေပြီး နိုင်ပွဲတွေဆက်နေတာတွေ့ရတယ်။ ဇေယျာရွှေမြေကတော့ အိမ်ကွင်း ၃ ပွဲသေ
ရကျထားပြီး အသင်းရဲ့ တိုက်စစ်ပိုင်း ဂိုးသွင်းနှုန်းကလည်း အားရစရာမရှိသေးပါဘူး။ ဒီပွဲအပြီးမှာ ရတနာပုံအသင်း အမှတ်ဇယားမှာ ဆက်လက်ဦးဆောင်နိုင်ပါ့မလားဆိုတာ စောင့်ကြည့်ရမှာပါ။

ချင်းယူနိုက်တက် – ဧရာဝတီ (၁၅-၂-၂၀၁၆) ညနေ ၄ နာရီ၊ အောင်ဆန်း

ဒီပွဲမှာတော့ နိုင်ပွဲပြန်ရှာတွေ့ထားတဲ့ ဧရာဝတီအသင်း စိတ်ဓာတ်ပိုင်းဆိုင်ရာ အားသာမှုရှိနေပါတယ်။ ချင်းယူနိုက်တက်ကလည်း ပြီးခဲ့တဲ့ပွဲစဉ်မှာ ရန်ကုန်အသင်းကို ရှုံးနိမ့်ခဲ့ပေမယ့်လည်း အသင်းရဲ့ခြေစွမ်းက ကောင်းမွန်ခဲ့ပါတယ်။ ဒါေ
ကြာင့် ချင်းယူနိုက်တက်ဟာ မကွေးအသင်းရဲ့ နိုင်ပွဲဆက်နေမှုကို ရပ်တန့်နိုင်ခဲ့သလိုမျိုး ဧရာဝတီအသင်းရဲ့ ၂ ပွဲဆက် အနိုင်ရလဒ်ကိုလည်း ရပ်တန့်နိုင်မလားဆိုတာ စိတ်ဝင်စားစရာဖြစ်နေတယ်။

ဟော်ရီဇွန် – ရန်ကုန်ယူနိုက်တက် (၁၅-၂-၂၀၁၆) ညနေ ၄ နာရီ၊ သုဝဏ္ဏ

ရန်ကုန်မြို့ အခြေစိုက်အသင်း ၂ သင်းတွေ့ဆုံမှုမှာ တစ်သင်းက ဒီနှစ်မှ တန်းတက်လာတဲ့အသင်းသစ်ဖြစ်သလို၊ တစ်သင်းက လက်ရှိချန်ပီယံပါဖြစ်ပါတယ်။ ဟော်ရီဇွန်အသင်းက ရှုံးပွဲတွေများနေပေမယ့် ပွဲစဉ်တိုင်းမှာ တိုက်စစ်မြှင့်က
စားတတ်တဲ့အသင်းပါ။ ရန်ကုန်အသင်းကလည်း ဒီရာသီမှာ ပုံမှန်ခြေစွမ်းမရသေးပေမယ့် ပြီးခဲ့တဲ့ချင်းယူနိုက်တက်နဲ့ပွဲစဉ်မှာ နိုင်ပွဲပြန်ရထားပါတယ်။ ဒီပွဲမှာ ရန်ကုန်အသင်းကပဲနိုင်ပွဲဆက်ဦးမလား။ ဘယ်အသင်းနဲ့တွေ့တွေ့ ဖောင်ဖျ
က်တိုက်တတ်တဲ့ ဟော်ရီဇွန်အသင်းကပဲ အနိုင်ရမလားဆိုတာ စောင့်ကြည့်ရမှာပါ။

Photo: အကြိတ်အနယ်ယှဉ်ပြိုင်နေသည့် ရန်ကုန်ယူနိုက်တက် (MNL)

comments

error: Content is protected !!