လာလီဂါ ၁ လတာအကောင်းဆုကို တိုက်စစ်မှူးမက်ဆီ ပထမဆုံးအကြိမ်ဆွတ်ခူး

Share on Facebook0Tweet about this on TwitterShare on Google+0Share on Reddit0
xxx
Photo: လာလီဂါ ၁ လတာအကောင်းဆုံးကစားသမားဆုရရှိခဲ့သည့် မက်ဆီ (Getty Images)

ဘာစီလိုနာတိုက်စစ်မှူးမက်ဆီသည် စပိန်လာလီဂါ၏ ၁ လတာအကောင်းဆုံးဆုကို ပထမဦးဆုံးအကြိမ်အဖြစ် ဆွတ်ခူးနိုင်ခဲ့ကြောင်း သိရသည်။

၎င်းဆုကို ၂၀၁၃-၂၀၁၄ ရာသီကမှစ၍ ၂၂ ကြိမ်ပေးအပ်ခဲ့ပြီးဖြစ်ရာ ကမ္ဘာ့အကောင်းဆုံးဘောလုံးသမားဆု ၅ ကြိမ်ရရှိထားသည့် လီယွန်နယ်မက်ဆီသည် ၁ ကြိမ်မှရရှိခဲ့ဖူးခြင်းမရှိဘဲ ယခုမှပထမဦးဆုံးအကြိမ်အဖြစ် ဆွတ်ခူးနိုင်ခဲ့ခြင်ြး
ဖစ်သည်။

အသက် ၂၈ နှစ်အရွယ်ရှိ အာဂျင်တီးနားလက်ရွေးစင်တိုက်စစ်မှူးမက်ဆီသည် ဇန်န၀ါရီလအတွင်း လာလီဂါ ၅ ပွဲတွင် ၆ ဂိုးသွင်းယူပြီး ခြေစွမ်းပြကစားနိုင်ခဲ့သောကြောင့် ထိုဆုကို ရရှိခဲ့ခြင်းဖြစ်သည်။

လာလီဂါ ၁ လတာအကောင်းဆုံးကစားသမားဆုကို ရီးရဲလ်တိုက်စစ်မှူးရော်နယ်ဒို၊ အက်သလက်တီကိုမှ ဂိုဒင်နှင့် ဂရေ့ဇ်မန်း၊ ဆိုစီဒက်တိုက်စစ်မှူးကားလို့စ်ဗီလာ အစရှိသောကစားသမားများက ၂ ကြိမ်စီအသီးသီးရယူနိုင်ခဲ့ဖူးသည်။

ဘာစီလိုနာအသင်းသည် ဇန်န၀ါရီလအတွင်း လာလီဂါ ၅ ပွဲတွင် ၄ ပွဲထိအနိုင်ရရှိခဲ့ပြီး တိုက်စစ်မှူးမက်ဆီသည် ဂရန်နာဒါနှင့်ပွဲတွင် ၃ ဂိုး၊ ဘီလ်ဘာအို၊ မာလာဂါ၊ အက်သလက်တီကိုတို့နှင့်ယှဉ်ပြိုင်ခဲ့သည့်ပွဲစဉ်များတွင် ၁ ဂိုးစီသွင်းယူနိုင်ခဲ့
ခြင်းဖြစ်သည်။

Photo: လာလီဂါ ၁ လတာအကောင်းဆုံးကစားသမားဆုရရှိခဲ့သည့် မက်ဆီ (Getty Images)

comments

error: Content is protected !!