ပိုကယ်ဖလားဆီမီးဖိုင်နယ်တွင် ဘိုင်ယန်-၀ါဒါဘရီမင်နှင့် ဟာသာဘာလင်-ဒေါ့မွန်တွေ့ဆုံမည်

Share on Facebook0Tweet about this on TwitterShare on Google+0Share on Reddit0
zzzz
Photo: ဘိုင်ယန်နှင့် ၀ါဒါဘရီမင်တို့ ယခုနှစ်ဘွန်ဒက်စ်လီဂါတွင် တွေ့ဆုံခဲ့စဉ် (Getty Images)

ပြီးခဲ့သည့် ကွာတားဖိုင်နယ်ပွဲစဉ်တွင် ဘိုချမ်အသင်းကို လီဝမ်ဒေါစကီး၏သွင်းဂိုး ၂ ဂိုးအပါအ၀င် ၃-၀ အဖြင့်အနိုင်ရရှိခဲ့သော ဘိုင်ယန်မြူးနစ်မှာ ဂျာမန်ပိုကယ်ဖလားဆီမီးဖိုင်နယ်သို့တက်ရောက်နိုင်ခဲ့ပြီး ၀ါဒါဘရီမင်နှင့်တွေ့ဆုံရမည်ဖြ
စ်သည်။

အနိုင်ဂိုးများသွင်းယူပေးခဲ့သည့် ဘိုင်ယန်မြူးနစ်တိုက်စစ်မှူးလီဝမ်ဒေါစကီးက ကွာတားဖိုင်နယ်ဖြတ်သန်းခဲ့ရမှုနှင့်ပတ်သက်၍ “ပထမဂိုးမရခင်ထိ ကျွန်တော်တို့ခက်ခက်ခဲခဲကစားခဲ့ရတာပါ။ ဘိုချမ်က ကစားပုံကောင်းမွန်ခဲ့ပြီး အခုဖလာြး
ပိုင်ပွဲမှာ အမြဲတမ်းအန္တရာယ်ပေးနိုင်ခဲ့တဲ့ သင်းတစ်သင်းဖြစ်ပါတယ်”ဟု ပြောကြားခဲ့သည်။

ဘိုင်ယန်မြူးနစ်သည် အကြိုဗိုလ်လုပွဲကို ၇ နှစ်ဆက်တက်ရောက်နိုင်ခဲ့ခြင်းဖြစ်ပြီး ဂျာမန်ပိုကယ်ဖလားပြိုင်ပွဲသမိုင်းတွင် ချန်ပီယံ ၁၇ ကြိမ်ဖြစ်ခဲ့ကာ အောင်မြင်မှုအရှိဆုံးအသင်းအဖြစ် ရပ်တည်လျက်ရှိသည်။

တစ်ဖက်တွင် ဟာသာဘာလင်သည် ဒုတိယတန်းကလပ် ဟိုင်ဒန်ဟိမ်းကို ၃-၂ ဖြင့်အနိုင်ရကာ ၃၅ နှစ်အတွင်းပထမဆုံးအကြိမ်အဖြစ် ဆီမီးဖိုင်နယ်သို့တက်ရောက်နိုင်ခဲ့ပြီး အဆိုပါအသင်းညာနောက်ခံလူဝိုင်ဇာက “ကျွန်တော်တို့ ဗိုလ်လု
ပွဲကိုရောက်ချင်ပါတယ်”ဟု ပြောကြားခဲ့သည်။

အကြိုဗိုလ်လုပွဲစဉ်များကို ဧပြီလ ၁၉ ရက်နှင့် ၂၀ ရက်များတွင်ကစားမည်ဖြစ်ပြီး ဘိုင်ယန်မြူးနစ်က ၀ါဒါဘရီမင်ကို အိမ်ကွင်းတွင်လည်းကောင်း၊ ဟာသာဘာလင်ကလည်း ဒေါ့မွန်ကိုအိမ်ကွင်းတွင်လည်းကောင်း အသီးသီးယှဉ်ပြိုင်ကစား
မည်ဖြစ်သည်။

Photo: ဘိုင်ယန်နှင့် ၀ါဒါဘရီမင်တို့ ယခုနှစ်ဘွန်ဒက်စ်လီဂါတွင် တွေ့ဆုံခဲ့စဉ် (Getty Images)

comments

error: Content is protected !!