စင်ကာပူနှင့်ခြေစမ်းပွဲတွင် ငြိမ်းချမ်းအောင် ပါဝင်နိုင်ဦးမည်မဟုတ်
|
အောင်သော်ဖြိုး
ဖေဖော်ဝါရီ ၁၁။
မြန်မာ့လက်ရွေးစင်အသင်းအတွက် လက်ရှိဖွဲ့စည်းထားသည့် ပဏာမလက်ရွေးစင်စာရင်း၌ ပါဝင်လာခဲ့သည့် ဒူးဒဏ်ရာကြောင့်ကာလရှည်အနားယူနေရသော ကွင်းလယ်လူငြိမ်းချမ်းအောင်မှာ မတ်လအတွင်း သွားရောက်ယှဉ်ပြိုင်မည့်
စင်ကာပူနှင့်ခြေစမ်းပွဲတွင် ပါဝင်နိုင်မည်မဟုတ်ကြောင်း မြန်မာနိုင်ငံဘောလုံးအဖွဲ့ချုပ် တာဝန်ရှိသူတစ်ဦးကဆိုသည်။
“စင်ကာပူနဲ့ပွဲမှာ အသုံးပြုဖို့အတွက် စောသေးပါတယ်။ ငြိမ်းချမ်းအောင် ဘောလုံးနဲ့ပြန်ထိတာ သိပ်မကြာသေးပါဘူး” ဟု မြန်မာ့လက်ရွေးစင်နည်းပြချုပ် ဂက်ဖရိုင်းဒရ်ခ်ျက ပြောကြားခဲ့သည်။
မြန်မာ့လက်ရွေးစင်အသင်း၏ ပဏာမလက်ရွေးစင်အသင်းသည် ဖေဖော်ဝါရီလ၊ ၁၀ ရက်နေ့ညနေပိုင်းက သုဝဏ္ဏအားကစားကွင်း၌ လေ့ကျင့်ရေးအစီအစဉ်ပြုလုပ်ခဲ့ပြီး အဆိုပါလေ့ကျင့်ရေးအစီအစဉ်တွင် ကွင်းလယ်လူငြိမ်းချမ်းအော
င်မှာအပေါ့စားလေ့ကျင့်ခန်းပါဝင်ပြုလုပ်ခဲ့သည်။
မြန်မာ့လက်ရွေးစင် ယူ-၁၉ အသင်းတွင် ခြေစွမ်းပြနိုင်ခဲ့သည့် ငြိမ်းချမ်းအောင်သည် ယူ-၂ဝ ကမ္ဘာ့ဖလားသို့ သွားရောက်မယှဉ်ပြိုင်မီ ဟန်ဂေရီ ယူ-၂ဝ အသင်းနှင့် ခြေစမ်းပွဲတွင် ဒဏ်ရာရရှိခဲ့ပြီး ကမ္ဘာ့ဖလားပွဲစဉ်ကို လွဲချော်ခဲ့ကာ ရ
န်ကုန်အသင်းတွင်လည်း ပွဲထွက်ကစားနိုင်ခြင်းမရှိသေးသည့် ကစားသမားတစ်ဦးလည်းဖြစ်သည်။
Photo: အပေါ့စားလေ့ကျင့်ခန်းပြုလုပ်ခဲ့သည့် ကွင်းလယ်လူငြိမ်းချမ်းအောင် (shweboat)
Next : လာလီဂါ ၁ လတာအကောင်းဆုကို တိုက်စစ်မှူးမက်ဆီ ပထမဆုံးအကြိမ်ဆွတ်ခူး