ကွင်းလယ်လူပါယက်ကို စာချုပ်သက်တမ်းတိုးရန် ၀က်စ်ဟမ်းဆွေးနွေးနေ

Share on Facebook0Tweet about this on TwitterShare on Google+0Share on Reddit0
zzz
Photo: သွေးပူလေ့ကျင့်ခန်းပြုလုပ်နေသည့် ကွင်းလယ်လူပါယက် (Getty Images)

ကွင်းလယ်လူပါယက်သည် လာမည့်နွေရာသီတွင် ၀က်စ်ဟမ်းနှင့် ၅ နှစ်သက်တမ်းရှိ စာချုပ်သစ်ချုပ်ဆိုရန်အတွက် ဆွေးနွေးလျက်ရှိကြောင်း သိရသည်။

ဝက်စ်ဟမ်းအသင်းက အသက် ၂၈ နှစ်အရွယ်ရှိ အဆိုပါပြင်သစ်ကစားသမားဘက်မှ စာချုပ်သစ်ချုပ်ဆိုရန် တောင်းဆိုထားသည်ဆိုသည့် သတင်းများကို ငြင်းဆန်ခဲ့ပြီး ၎င်း၏ ခြေစွမ်းကောင်းမွန်မှုကြောင့် ဆက်လက်ထိန်းသိမ်းနိုင်ရေးအတွက် စာချုပ်သက်တမ်းတိုးရန် ဆွေးနွေးနေခြင်းဖြစ်ကြောင်း ကြေညာခဲ့သည်။

“သူဟာဒီမှာပျော်ရွှင်နေပြီး မကြာခင်မှာပဲ စာချုပ်သက်တမ်းတိုးနိုင်တော့မှာပါ။ အသင်းမှာရှိတဲ့အကောင်းဆုံးကစားသမားတွေကို ထိန်းသိမ်းနိုင်ဖို့ ကျွန်တော်တို့ ဘာပဲဖြစ်ဖြစ်လုပ်ရမှာပါ။ ပါယက်ကလည်း အသင်းရဲ့အကောင်းဆုံးကစားသမားတွေထဲက တစ်ယောက်ပါပဲ”ဟု အက်ဖ်အေဖလားစတုတ္ထအဆင့်ပြန်ကန်ပွဲ၌ လီဗာပူးအသင်းကို ၂-၁ ဖြင့်အနိုင်ရခဲ့သော ပွဲအပြီးတွင် ၀က်စ်ဟမ်းနည်းပြဘီလစ်က ပြောကြားခဲ့သည်။

ပါယက်ကလည်း လူမှုကွန်ရက်တစ်ခုဖြစ်သော တွစ်တာတွင် “ကျွန်တော်ဝက်စ်ဟမ်းအသင်းဂျာစီကို ၀တ်ဆင်ကစားရတာ ဂုဏ်ယူပါတယ်။ နောက်ထပ်နှစ်တွေအများကြီး အသင်းမှာဆက်ကစားဖို့ ကျွန်တော်မျှော်လင့်ပါတယ်”ဟု ဖော်ပြသွားခဲ့သည်။

ပြင်သစ်ကလပ်မာဆေးမှ ပေါင် ၁၀ သန်းကျော်ဖြင့်ပြောင်းရွှေ့လာခဲ့သောပါယက်သည် ယခုဘောလုံးရာသီတွင် အသင်းအတွက် ၂၂ ပွဲကစားပြီး ၆ ဂိုးသွင်းယူပေးထားနိုင်ခဲ့သည်။

Photo: သွေးပူလေ့ကျင့်ခန်းပြုလုပ်နေသည့် ကွင်းလယ်လူပါယက် (Getty Images)

comments

error: Content is protected !!