ချန်ပီယံလိဂ်ကို ပြောင်းလဲမှုအချို့ပြုလုပ်ရန် ဥရောပအသင်းကြီးများအလိုရှိနေ

Share on Facebook0Tweet about this on TwitterShare on Google+0Share on Reddit0
dddd
Photo: ချန်ပီယံလိဂ်ဆုဖလား ၅ ကြိမ်ဆွတ်ခူးနိုင်ခဲ့သည့် လက်ရှိချန်ပီယံဘာစီလိုနာ (Getty Images)

ဥရောပထိပ်သီးကလပ်များက ချန်ပီယံလိဂ်ကို သင့်လျော်သောအပြောင်းအလဲအချို့ပြုလုပ်ရန် ဆွေးနွေးတိုင်ပင်လျက်ရှိကြောင်း သိရသည်။

ဥရောပအသင်းများအဖွဲ့အစည်း (ECA) က ၂၀၁၈ ခုနှစ်မတိုင်မီ ပိုမိုကောင်းမွန်သော ပြောင်းလဲမှုများကို UEFA နှင့်တိုင်ပင်၍ ပြုလုပ်မည်ဖြစ်ကြောင်း ပြောဆိုထားသည်။

ECA၏ ဥက္ကဋ္ဌတစ်ဦးဖြစ်သူ ရူမင်နစ်ဂီက အီတလီ၊ အင်္ဂလန်၊ စပိန်၊ ဂျာမနီနှင့် ပြင်သစ်စသော ထိပ်သီးလိဂ် ၅ ခုမှ အသင်းပေါင်း ၂၀ ပါဝင်ခွင့်ရသင့်သည်ဟု ဆွေးနွေးထားကြောင်း သိရသည်။

ယခုအချိန်တွင် ဥရောပမှလိဂ်ပေါင်း ၅၄ ခုမှ ၇၈ သင်းခြေစစ်ပွဲတွင်ပါဝင်ခွင့်ရပြီး ခြေစစ်ပွဲအဆင့်ဆင့်အောင်မြင်သောအသင်းများသည် ၃၂ သင်းပါဝင်သည့် အုပ်စုအဆင့်သို့ တက်ရောက်ခွင့်ရမည်ဖြစ်သည်။

ECA၏ တွဲဖက်ဥက္ကဋ္ဌတစ်ဦးဖြစ်သူ ဂန်ဒီနီကလည်း “အခုထိတော့ပြောင်းလဲဖို့ နားလည်မှုမရသေးပါဘူး။ ဒါပေမဲ့ ပြိုင်ပွဲရဲ့အဓိကအသင်းတွေနဲ့ UEFA တို့ရဲ့အသံကိုနားထောင်ပြီး ဘယ်လိုလုပ်ရင် အကောင်းဆုံးဖြစ်မလဲဆိုတာဆုံးဖြတ်ပါမယ်။ ပါဝင်ခွင့်ရမယ့်အသင်းတွေနဲ့ပတ်သက်ပြီး အပြောင်းအလဲအနည်းငယ်ရှိနိုင်ပါတယ်”ဟု ပြောကြားခဲ့သည်။

ECA သည် ရီးရဲလ်၊ ဘာစီလိုနာ၊ ဘိုင်ယန်မြူးနစ်၊ မန်ယူ၊ ဂျူဗင်တပ် စသောအသင်းကြီးများအပါအ၀င် ဥရောပကလပ်အသင်းပေါင်း ၂၀၀ ကျော်ကို ကိုယ်စားပြုသော အဖွဲ့အစည်းတစ်ခုဖြစ်သည်။

ချန်ပီယံလိဂ်ပြိုင်ပွဲကို ပြောင်းလဲမှုအချို့ပြုလုပ်မည်ဆိုပါက အသင်းကြီးများအား ၎င်းတို့၏လိဂ်အသီးသီး၌ မည်သည့်အဆင့်ရသည်ဖြစ်စေ တိုက်ရိုက်ဝင်ခွင့်ပေးသင့်ကြောင်း အကြံပြုချက်များလည်းရှိနေသည်။

ဥရောပပြိုင်ပွဲစည်းမျဉ်းများကို ၃ နှစ် ၁ ကြိမ်သာပြောင်းလဲခွင့်ရှိပြီး ယခုချန်ပီယံလိဂ်အတွက် ပြောင်းလဲမှုများပြုလုပ်မည်ဆိုပါက ၂၀၁၇-၂၀၁၈ ဘောလုံးရာသီအပြီးတွင်မှ ပြုလုပ်ခွင့်ရမည်ဖြစ်သည်။

Photo: ချန်ပီယံလိဂ်ဆုဖလား ၅ ကြိမ်ဆွတ်ခူးနိုင်ခဲ့သည့် လက်ရှိချန်ပီယံဘာစီလိုနာ (Getty Images)

comments

error: Content is protected !!