ဘာစီလိုနာတိုက်စစ်မှူးမက်ဆီ ကျောက်ကပ်စစ်ဆေးမှုခံယူနေရ
|
ပြီးခဲ့သည့်နှစ်၊ ဒီဇင်ဘာလတွင် နာကျင်မှုခံစားခဲ့ရသော ဘာစီလိုနာတိုက်စစ်မှူးမက်ဆီ၏ ကျောက်ကပ်အခြေအနေကို ယမန်နေ့က စစ်ဆေးမှုများစတင်ပြုလုပ်ခဲ့သဖြင့် အသင်းလေ့ကျင့်ခန်းအစီအစဉ်နှင့် လွဲချော်ခဲ့ရကြောင်း သိရသည်။
အဆိုပါအာဂျင်တီးနားတိုက်စစ်မှူးသည် ဒီဇင်ဘာလတွင် ကျင်းပခဲ့သော ဖီဖာကမ္ဘာ့ကလပ်ချန်ပီယံ ဆီမီးဖိုင်နယ်ပွဲစဉ်ကို အဆိုပါဝေဒနာကြောင့် လွဲချော်ခဲ့သော်လည်း ၃ ရက်အကြာတွင်ကျင်ပခဲ့သည့် ဗိုလ်လုပွဲ၌ ပြန်လည်ပါဝင်ကစားနိုင်ခဲ့ပြီး ယခုနှစ်ဘောလုံးရာသီတစ်လျှောက် ပါဝင်ကစားပေးနိုင်ခဲ့သည်။
အသက် ၂၈ နှစ်ရှိ တိုက်စစ်မှူးမက်ဆီနှင့်ပတ်သက်၍ ဘာစီလိုနာအသင်းက ကျောက်ကပ်အခြေအနေကို စစ်ဆေးမှုများပြုလုပ်လျက်ရှိကြောင်း၊ ယခုတစ်ပတ်ဗုဒ္ဓဟူးနေ့တွင် ပုံမှန်အတိုင်း လေ့ကျင့်ခန်းပြန်ဆင်းနိုင်မည်ဖြစ်ကြောင်း ထုတ်ပြန်ခဲ့သည်။
မက်ဆီမှာ ယခုနှစ်ဘောလုံးရာသီတွင် လာလီဂါ ၁၇ ပွဲကစားခဲ့ပြီး ၁၂ ဂိုးသွင်းယူကာ ဘာစီလိုနာအသင်းကို ၃ မှတ်အသာဖြင့် အမှတ်ပေးဇယားဦးဆောင်သူဖြစ်ရန် စွမ်းဆောင်ပေးထားသူဖြစ်သည်။
Photo: ကျောက်ကပ်စစ်ဆေးမှုခံယူနေရသည့် တိုက်စစ်မှူးမက်ဆီ (Getty Images)
Next : အသင်းကြီးတွေ အဆင်သင့်မဖြစ်သေးတဲ့အချိန်မှာ ကျွန်တော်တို့အဆင်သင့်ဖြစ်နေခဲ့လို့ နိုင်ပွဲတွေရခဲ့တာပါ (မစ္စတာဆီဗာဂျီနှင့် တွေ့ဆုံမေးမြန်းမှု)