မန်ယူဘက်မှ ၎င်း၏အနာဂတ်အပေါ် ရှင်းချက်ထုတ်စရာမလိုအပ်ဟု ဗန်ဟားလ် ပြောကြား
|
မန်ယူအသင်းမှာ ချဲလ်ဆီးနည်းပြဟောင်းမော်ရင်ညိုနှင့် တွေ့ဆုံဆွေးနွေးသည်ဟု သတင်းထွက်ပေါ်ပြီးနောက် နည်းပြဗန်ဟားလ်က ၎င်း၏အနာဂတ်နှင့်ပတ်သက်၍ အသင်းဘက်မှ ရှင်းချက်ထုတ်ရန် မလိုအပ်ဟု ပြောကြားလိုက်သည်။
ယမန်နေ့ညက ချဲလ်ဆီးနှင့် ၁-၁ သရေရလဒ်ထွက်ပေါ်ခဲ့သည့် ပွဲပြီးသတင်းစာရှင်းလင်းပွဲ၌ ဂျာနယ်လစ်ဟာရစ်၏ မေးမြန်းမှုကို နည်းပြဗန်ဟားလ်က ”အမှုဆောင်ချုပ်အက်ဒ်ဝုဒ်ဝက်ဒ်နဲ့ ခင်ဗျားပြောပြီးပြီလား။ အခုထွက်ပေါ်နေတဲ့သတင်းတွေကို အသင်းဘက်က ဘာငြင်းစရာလိုလို့လဲ။ ဒီကိစ္စကို ကျွန်တော်ဝင်ရောက်စွက်ဖက်မှာမဟုတ်ဘူး။ ကလပ်ဘက်က ဘာလို့မငြင်းတာလဲဆိုပြီး ခင်ဗျားတို့ပုံပြင်တွေဖန်တီးမလို့လား။ ပိုင်ရှင်ဂလေဇာမိသားစုရော အက်ဒ်ဝုဒ်ဝက်ဒ်နဲ့ရော ခင်ဗျားမပြောရသေးဘူး။ ဒါဆိုရင် ဒီပုံပြင်ကို ခင်ဗျားဖန်တီးနေတာပဲ။ ဒီလိုမေးမြန်းမှုတွေအတွက် ကျွန်တော့်မှာ အဖြေမရှိဘူး။ အခုပြောချင်တာက မနက်ဖြန်ကျရင် ခင်ဗျားအလုပ်ထုတ်ခံရနိုင်တယ်ဆိုတာပဲ။ ခင်ဗျားနာမည်ဘယ်လိုခေါ်လဲ။ အားလုံးကို ကျွန်တော်ကြေညာလို့ရအောင်ပါ” ဟုပြောကြားခဲ့သည်။
ထို့အပြင် ဗန်ဟားလ်က မန်ယူနည်းပြဟောင်းဖာဂူဆန်မှာ မန်ယူနည်းပြဘ၀အစ ၃ နှစ်ကြာ ဆုဖလားမဲ့မှုနှင့် ခက်ခဲသည့်ကာလများဖြတ်သန်းခဲ့ရခြင်းကို မီဒီယာများအနေဖြင့် ပြန်လည်လေ့လာသင့်ကြောင်း ပြောကြားခဲ့သည်။
Photo: သတင်းစာရှင်းလင်းပွဲမှ နည်းပြဗန်ဟားလ် (Getty Images)
Next : ဘာစီလိုနာတိုက်စစ်မှူးမက်ဆီ ကျောက်ကပ်စစ်ဆေးမှုခံယူနေရ