ဗလင်စီယာတွင် ၎င်း၏နည်းပြဘ၀ သေဆုံးပြီးသားဖြစ်ကြောင်း ဂယ်ရီနဗီးလ်ပြော
|
လာလီဂါတွင် ခြေစွမ်းကျဆင်းနေသော ရီးရဲလ်ဘက်တစ်ကို ၁-၀ ဖြင့်ရှုံးနိမ့်ပြီးနောက် ဂယ်ရီနဗီးလ်သည် ဗလင်စီယာတွင် ၎င်း၏နည်းပြဘ၀မှာ သေဆုံးသွားပြီးဖြစ်ကြောင်း ပြောကြားသွားခဲ့သည်။
ဗလင်စီယာသည် လာလီဂါနောက်ဆုံး ၉ ပွဲတွင် ၄ ပွဲရှုံး ၅ ပွဲသရေရလဒ်သာရရှိအောင် စွမ်းဆောင်ထားနိုင်ပြီး စပိန်ဘုရင့်ဖလားပွဲစဉ်တွင်လည်း ဘာစီလိုနာကို ၇-၀ ဖြင့် ဂိုးပြတ်ရှုံးနိမ့်ထားခဲ့သော်လည်း နီဗီးလ်ကနုတ်ထွက်ရန်ထပ်မံငြင်းဆိုခဲ့သည်။
ဂယ်ရီနဗီးလ်က”အသင်းကိုမရောက်ခင်က ကျွန်တော့်ကို ၅ လလောက်အချိန်ပေးစောင့်ကြည့်ဖို့ေ ပြာခဲ့ပါတယ်။ အခု ၆ ပတ်လောက်အတွင်းမှာပဲ ဆုံးဖြတ်ကြတယ်။ ကျွန်တော်တို့နဲ့ကစားခဲ့တဲ့ အသင်းတချို့ထက် ကျွန်တော်တို့ခြေစွမ်းပိုကောင်းတယ်ဆိုတာ အရှင်းကြီးပါ။ နောက်ဆုံးလိဂ်ပွဲ ၂ ပွဲမှာကစားခဲ့တဲ့ ခြေစွမ်းတွေက ရှုံးနိမ့်ဖို့မထိုက်တန်ပါဘူး။ ဒါပေမဲ့ တကယ်အရေးကြီးတဲ့ ရလဒ်ကောင်းအောင်တော့ မလုပ်နိုင်ခဲ့ပါဘူး”ဟု ပြောကြားခဲ့သည်။
ဗလင်စီယာအသင်းသားများသည် အသင်းကို ၎င်းစတင်ကိုင်တွယ်စဉ်ကထက် ပိုမိုကြံ့ခိုင်ကာခြေစွမ်းလည်းကောင်းမွန်လာကြောင်း၊ ရှုံးနိမ့်မှုတိုင်းအတွက် နာကျင်ခံစားရကြောင်းလည်း ဂယ်ရီနဗီးလ်က ဖြည့်စွက်ပြောကြားခဲ့သည်။
“အသင်းပိုင်ရှင်တွေနဲ့စကားပြောပြီးပါပြီ။ ကျွန်တော်တို့ဒီရှုံးပွဲတွေကနေ အမြန်ဆုံးလွတ်မြောက်အောင်လုပ်ရပါမယ်။ ဒါကိုကျွန်တော်သိပါတယ်။ ဘာလို့ရှုံးလဲဆိုတာတော့ ရှင်းပြဖို့ခက်ပါတယ်။ ယုံကြည်မှုရှိရှိနဲ့ ပြောင်းလဲနိုင်ဖို့ ကြိုးစားကြရပါလိမ်မြယ်”ဟု ပြောကြားခဲ့သည်။
Next : အဂူရိုကို စာချုပ်သက်တမ်း ၁ နှစ်တိုးရန် မန်စီးတီးဆန္ဒရှိ