မော်ရင်ညိုကိုခေါ်ယူရန် မန်ယူဆွေးနွေးနေ

Share on Facebook0Tweet about this on TwitterShare on Google+0Share on Reddit0
4
မန်ယူနှင့်ဆွေးနွေးနေသည့် မော်ရင်ညို

မန်ယူအသင်းသည် ချဲလ်ဆီးနည်းပြဟောင်း မော်ရင်ညို၏ကိုယ်စားလှယ်များနှင့် ဆွေးနွေးနေကြောင်း သိရပြီး အသက် ၅၃ နှစ်အရွယ် ပေါ်တူဂီလူမျိုးထိုးနည်းပြမှာ လက်ရှိမန်ယူနည်းပြဗန်ဟားလ်၏နေရာကို ဆက်ခံမည့်သူအဖြစ် မျှော်လင့်ချက်များ ပိုမိုများပြားလာခဲ့သည်။

မော်ရင်ညိုကိုခေါ်ယူနေရးအတွက် သဘောတူညီချက်ရရှိခြင်းမရှိသေးဘဲ မန်ယူဘက်မှလည်း ထိုကိစ္စအတွက် မှတ်ချက်ပြုခြင်းမရှိသော်လည်း ဆွေးနွေးမှုများစတင်နေပြီဖြစ်သည်ဟု ဘီဘီစီသတင်းဌာနက ဖော်ပြခဲ့သည်။

အသက် ၆၄ နှစ်အရွယ် ဗန်ဟားလ်မှာ မူလစီစဉ်ထားသည်ထက် ၁ နှစ်စော၍ ယခုရာသီအကုန်တွင် မန်ယူကိုစွန့်ခွာမည်ဟု မျှော်လင့်ရသည့်အတွက် မန်ယူကိုကိုင်တွယ်ရန် စိတ်လှုပ်ရှားမိကြောင်း ယခင်ကတည်းက ထုတ်ဖော်ဖွင့်ဟဖူးသည့် မော်ရင်ညိုအတွက် လမ်းပွင့်သွားဖွယ်ရှိနေသည်။

မန်ယူကလပ်တာဝန်ရှိသူများသည် ယခုသီတင်းပတ်အစောပိုင်းက မြို့ခံပြိုင်ဘက်က မန်စီးတီးက ဘာစီလိုနာနည်းပြဟောင်း၊ လက်ရှိဘိုင်ယန်မြူးနစ်ပဲ့ကိုင်ရှင် ဂွါဒီယိုလာကိုခေါ်ယူခဲ့သည့်အတွက် ပရိသတ်များက မန်ယူနည်းပြရာထူးအတွက် ဝေဖန်မှုများကို မော်ရင်ညိုအားဆွေးနွေးမှုဖြင့် ပြန်လည်တုံ့ပြန်မှုပေးရန် ဆန္ဒရှိနေကြောင်းလည်း သိရှိရသည်။

မော်ရင်ညိုသာ မန်ယူသို့ အမှန်တကယ်ရောက်ရှိလာပါက ဂွါဒီယိုလာက ဘာစီလိုနာကိုတာဝန်ယူစဉ်နှင့် မော်ရင်ညိုက ရီးရဲလ်ကိုတာဝန်ယူစဉ် ၂၀၁၀ မှ ၂၀၁၃ အထိ စပိန်အမှတ်ပေးပြိုင်ပွဲတွင် နည်းပြချင်းအားပြိုင်မှုများအား ပရီးမီးယားလိဂ်ရပ်ဝန်း၌ မြင်တွေ့ရမည်ဖြစ်သည်။

comments

error: Content is protected !!