ခရစ္စတယ်ပဲလေ့စ်ကစားသမား မက်အာသာနှင့် ပန်ချီယွန်တို့ဒဏ်ရာရ

Share on Facebook0Tweet about this on TwitterShare on Google+0Share on Reddit0
4
ရာသီကုန်အထိအနားယူရမည့် မက်အာသာ

ခရစ္စတယ်ပဲလေ့စ်ကွင်းလယ်ကစားသမား မက်အာသာသည် ဒဏ်ရာကြောင့် ရာသီကုန်အထိ အနားယူရမည်ဖြစ်ပြီး ပန်ချီယွန်မှာလည်း ရက်သတ္တပတ်အနည်းငယ်ပါဝင်နိုင်မည်မဟုတ်ကြောင်း သိရှိရသည်။

အင်္ဂါနေ့က ကစားခဲ့သော ဘုန်းမောက်ကို ၁-၂ ဖြင့်ရှုံးနိမ့်ခဲ့သောပွဲ၌ မက်အာသာမှာ ခြေကျင်းဝတ်ဒဏ်ရာ၊ ပန်ချီယွန်မှာ တံကောက်ကြောဒဏ်ရာများ အသီးသီးရရှိခဲ့သည်။

စကော့တလန်လက်ရွေးစင်ကစားသမား မက်အာသာက “ခြေကျင်းဝတ်ဒဏ်ရာကြောင့် ရာသီကုန်အထိ ကစားနိုင်တော့မှာမဟုတ်ပါဘူး။ ကျွန်တော့်ဘ၀အတွက် နောက်ထပ်စိန်ခေါ်မှုတစ်ခုဖြစ်ပါတယ်။ သေချာပြန်ကြိုးစားပြီး ပိုကောင်းတဲ့ခြေစွမ်းတွေနဲ့ ပြန်လာခဲ့ပါမယ်”ဟု ၎င်း၏တွစ်တာအကောင့်တွင် ဖော်ပြခဲ့သည်။

နည်းပြအလန်ပါဂျူးက”သူတို့နှစ်ယောက်ဟာ အသင်းအတွက်အကောင်းဆုံးကစားပေးခဲ့သူတွေပါ။ ကျွန်တော်တို့အရေးပါတဲ့ကစားသမား ၂ယောက်ကိုဆုံးရှုံးလိုက်ရတာပါ”ဟု ပြောကြားခဲ့သည်။

comments

error: Content is protected !!