ပြည်တွင်းကလပ်များသို့ ပြောင်းရွှေ့မည်မဟုတ်ဟု အောင်သူဆို

Share on Facebook0Tweet about this on TwitterShare on Google+0Share on Reddit0
aaww
Photo: (ATP)

အောင်သော်ဖြိုး
ဖေဖော်ဝါရီ ၅။

မြန်မာနေရှင်နယ်လိဂ်ကလပ်အသင်းအချို့မှ ခေါ်ယူရန်စိတ်ဝင်စားနေသည့် မြန်မာ့လက်ရွေးစင်အသင်းနှင့် ရတနာပုံအသင်းတို့၏ တိုက်စစ်ကစားသမားအောင်သူသည် ၎င်းအနေဖြင့် ရတနာပုံအသင်းမှထွက်ခွာကာ မြန်မာနေရှင်နယ်လိဂ်ကလပ်များသို့ပြောင်းရွှေ့ရန် အစီအစဉ်မရှိကြောင်း ပြောဆိုလိုက်သည်။

အောင်သူမှာ ပြည်တွင်းကလပ်အချို့၏ ကမ်းလှမ်းမှုကိုရရှိခဲ့သော်လည်း ရတနာပုံအသင်းတွင်သာ ဆက်လက်ကစားမည်ဖြစ်ပြီး ပြည်ပကလပ်များမှခေါ်ယူရန် စိတ်ဝင်စားနေသည်ဟု သတင်းများကြားသိရကာ တရားဝင်ကမ်းလှမ်းမှုမရရှိသေးဘဲ တရားဝင်ကမ်းလှမ်းလာပါက ပြည်ပသို့ ထွက်ခွာကစားရန်ဆန္ဒရှိနေကြောင်း ၎င်းကဆိုသည်။

အောင်သူသည် မန္တလေးဘောလုံးအကယ်ဒမီထွက် ကစားသမားတစ်ဦးဖြစ်ပြီး ပရိသတ်အားပေးမှုရရှိခဲ့သည့် မြန်မာယူ-၁၆ ဘောလုံးအသင်း၊ မြန်မာ ယူ-၁၉ အသင်း၊ ကမ္ဘာ့ဖလားသွားရောက်ယှဉ်ပြိုင်ခဲ့သည့် မြန်မာ ယူ-၂ဝ အသင်းတွင်လည်း အဓိက ကစားသမားတစ်ဦးအဖြစ်ပါဝင်ခဲ့ပြီး လက်ရှိအချိန်တွင် မြန်မာ့လက်ရွေးစင်အသင်း ကစားသမားစာရင်း၌ ပါဝင်နေသည်။

မြန်မာ့လက်ရွေးစင်အသင်းအတွက် ၄ ပွဲပါဝင်ကစားထားပြီး ၁ ဂိုးသွင်းယူပေးထားသည့် အောင်သူသည် ၂၀၁၃ ခုနှစ်မှစတင်ကာ ရတနာပုံအသင်းသို့ရောက်ရှိခဲ့ပြီး အာဆီယံဘောလုံးအဖွဲ့ (AFF)မှချီးမြှင့်သည့် ၂၀၁၅ ခုနှစ် အကောင်းဆုံးလူငယ်ကစားသမားဆုကိုလည်း ရရှိထားသည်။

Photo: (ATP)

comments

error: Content is protected !!