ထိုင်းပရီးမီယားလိဂ်တွင်ကစားရန် ဆန္ဒရှိကြောင်း ကျော်ကိုကိုဖွင့်ဟ

Share on Facebook0Tweet about this on TwitterShare on Google+0Share on Reddit0
4
ချောင်ဘူရီဘက်သို့ ထိုးဖောက်တိုက်စစ်ဆင်နေသည့် ကျော်ကိုကို

အာရှချန်ပီယံလိဂ်ခြေစစ်ပွဲ ဒုတိယအဆင့်အဖြစ် ချောင်ဘူရီနှင့် ရန်ကုန်ယူနိုက်တက်တို့ကစားခဲ့သည့် ပွဲအပြီးတွင် တိုက်စစ်မှူးကျော်ကိုကိုက မိမိအနေဖြင့် ထိုင်းပရီးမီးယားလိဂ်တွင် လာရောက်ကစားလိုကြောင်း ထိုင်းသတင်းထောက်များ၏ မေးမြန်းမှုကို ပြန်လည်ဖြေကြားသွားခဲ့သည်။

ကျော်ကိုကိုသည် အဆိုပါပွဲတွင် အကောင်းဆုံးခြေစွမ်းပြကစားခဲ့ပြီး ရန်ကုန်ယူနိုက်တက်အတွက် ၁ ဂိုးသွင်းယူခဲ့သည့်အပြင် ၁ ဂိုးဖန်တီးပေးခဲ့မှုကြောင့်  ပြိုင်ဘက်ချောင်ဘူရီပရိသတ်များ၏ အားပေးမှုကိုပင် ရရှိခဲ့သည်။

“ထိုင်းပရီးမီးယားလိဂ်ဟာ အာရှအဆင့်ကိုထိုးဖောက်နေတဲ့ လိဂ်တစ်ခု ဖြစ်လာပါပြီ။ ထိုင်းမှာ လာကစားချင်လား ဆိုရင်တော့ လာကစားချင်ပါတယ်။ ဘာဖြစ်လို့လည်းဆိုရင် ထိုင်း ပရီးမီးယားလိဂ်ဟာ နှစ်ပေါင်း ၂၀ နီးပါး သက်တမ်း ရှိပါပြီ။ မြန်မာနေရှင်နယ်လိဂ်က ၈ နှစ်ဆိုတဲ့ ကာလတစ်ခုသာ ရှိပါသေးတယ်။ ကျွန်တော့်အနေနဲ့ ထိုင်းပရီးမီးယားလိဂ်မှာ သင်ယူစရာတွေရှိမယ်လို့ထင်ပါတယ်။ အခွင့်အရေးပေးခဲ့မယ်ဆိုရင်တော့ ကစားချင်ပါတယ်”ဟု ကျော်ကိုကိုက ထုတ်ဖော်ပြောကြားခဲ့သည်။

ကျော်ကိုကိုသည် ပြီးခဲ့သည့်ရာသီ မြန်မာနေရှင်နယ်လိဂ်တွင် ရန်ကုန်ယူနိုက်တက်အတွက် သွင်းဂိုး ၁၂ ဂိုး ရယူပေးခဲ့သည်။

comments

error: Content is protected !!