ဘာစီလိုနာကိုအရေးနိမ့်ခဲ့ခြင်းသည် ဘ၀တစ်လျှောက်အဆိုးရွားဆုံးအတွေ့အကြုံများအနက်တစ်ခုဟု ဂယ်ရီနဗီးလ်ဝန်ခံ
|
ဘုရင့်ဖလားရှုံးပွဲကြောင့် ဖိအားပိုမိုခံစားရမည့် ဂယ်ရီနဗီးလ်
ဗလင်စီယာသည် စပိန်ဘုရင့်ဖလားအကြိုဗိုလ်လုပွဲ ပထမအကျော့ပွဲစဉ်အဖြစ် ဘာစီလိုနာအိမ်ကွင်းနူးကမ့်တွင် ယှဉ်ပြိုင်ကစားခဲ့ရာ ၇-၀ ဖြင့်ဂိုးပြတ်အရေးနိမ့်ခဲ့ပြီးနောက် နည်းပြဂယ်ရီနဗီးလ်က ဘောလုံးနှင့်ပတ်သက်သည့် ၎င်း၏ဘ၀အတွေ့အကြုံများအနက် အဆိုးရွားဆုံးဖြစ်ရပ်တစ်ခုဟု ၀န်ခံပြောကြားလိုက်သည်။
“ဒီနေ့ညတော့ ကျွန်တော်ကောင်းကောင်းအိပ်ပျော်မှာ မဟုတ်ပါဘူး။ ဒီပွဲက ကျွန်တော့်အတွက် အဆိုးရွားဆုံးအတွေ့အကြုံတွေထဲက တစ်ခုပါ”ဟု ပြောကြားသွားခဲ့ပြီး ရာထူးမှနုတ်ထွက်ရန် အစီအစဉ်မရှိကြောင်း ငြင်းဆန်သွားခဲ့သည်။
ထိုပွဲရှုံးနိမ့်မှုကြောင့် လာလီဂါနောက်ဆုံး ၈ ပွဲတွင်လည်း တစ်ပွဲမှ နိုင်ပွဲမရှိထားသည့် အင်္ဂလန်လူမျိုးနည်းပြဂယ်ရီနဗီးလ်အတွက် ဖိအားများပိုမိုမြင့်တက်စေခဲ့သည်။
Prev : မြန်မာ ယူ-၁၉ နည်းပြအဖြစ် ကမ်းလှမ်းမှုကို လက်ခံလိုက်ပြီဟု ဦးမျိုးလှိုင်ဝင်းဆို
Next : ပွဲပန်းနေတဲ့ ရန်ကုန်ယူနိုက်တက် ရလဒ်ဆိုးတွေထဲက ရုန်းထွက်နိုင်မလားဆိုတာ စောင့်ကြည့်ရမယ့် မြန်မာနေရှင်နယ်လိဂ် ပွဲစဉ်(၅)
Next : ပွဲပန်းနေတဲ့ ရန်ကုန်ယူနိုက်တက် ရလဒ်ဆိုးတွေထဲက ရုန်းထွက်နိုင်မလားဆိုတာ စောင့်ကြည့်ရမယ့် မြန်မာနေရှင်နယ်လိဂ် ပွဲစဉ်(၅)