ပွဲပန်းနေတဲ့ ရန်ကုန်ယူနိုက်တက် ရလဒ်ဆိုးတွေထဲက ရုန်းထွက်နိုင်မလားဆိုတာ စောင့်ကြည့်ရမယ့် မြန်မာနေရှင်နယ်လိဂ် ပွဲစဉ်(၅)

Share on Facebook0Tweet about this on TwitterShare on Google+0Share on Reddit0
tt
Photo: ချောင်ဘူရီနှင့်ပွဲမတိုင်မီ လေ့ကျင့်ခန်းဆင်းနေသည့် ရန်ကုန်ယူနိုက်တက်ကစားသမားများ (YUFC)

အောင်သော်ဖြိုး

ရန်ကုန်ယူနိုက်တက် – ချင်းယူနိုက်တက် (ဖေဖော်ဝါရီ ၅။ ညနေ ၃ နာရီ ၃ဝ မိနစ်၊ ရန်ကုန်ယူနိုက်တက် မြက်ခင်းတုကွင်း)
——————————————————————————————————————————————-
ရန်ကုန်ယူနိုက်တက်ဟာ တစ်ပတ်အတွင်း ၃ပွဲမြောက်ကစားရမယ့်ပွဲဖြစ်တာကြောင့် အနည်းငယ်ပွဲပန်းမှုဒဏ်ရှိနေမှာပါ။ ချင်းယူနိုက်တက်ကလည်း တစ်ပွဲထက်တစ်ပွဲ ခြေစွမ်းကောင်းမွန်လာတဲ့အသင်းဖြစ်ပါတယ်။ ရန်ကုန်ယူနိုင်တက်ဟာ ပြီးခဲ့တဲ့ ထိုင်းကလပ်ချောင်ဘူရီနဲ့ပွဲစဉ်မှာ ကောင်းမွန်တဲ့ခြေစွမ်းပြန်လည်ရရှိလာတယ်ဆိုပေမယ့် မြန်မာနေရှင်နယ်လိဂ်မှာတော့ ၄ ပွဲကစား၊ ရမှတ် ၁ မှတ်သာ ရရှိသေးတဲ့အတွက် ဖိအားအချို့ရှိနေပါတယ်။ ဒီပွဲမှာ ရန်ကုန်အသင်း ရလဒ်ဆိုးတွေက ရုန်းထွက်နိုင်မလားဆိုတာ စောင့်ကြည့်ရမှာပါ။ ဒီပွဲစဉ်ကိုတော့ For Sports ရုပ်သံလိုင်းမှာ တိုက်ရိုက်ပြသမှာဖြစ်လို့ ပရိသတ်တွေ စောင့်ကြည့်နိုင်ပါတယ်။

ဧရာဝတီ – ရှမ်းယူနိုက်တက် (ဖေဖော်ဝါရီ ၆။ ညနေ ၃ နာရီ ၃ဝ မိနစ်၊ ကျောက်တိုင်ကွင်း၊ပုသိမ်)
————————————————————————————————————–
ဧရာဝတီအသင်းဟာ ပြီးခဲ့တဲ့ပွဲစဉ်တုန်းက အိမ်ကွင်းပွဲမှာ ရန်ကုန်ယူနိုက်တက်ကို အနိုင်ရခဲ့လို့ စိတ်ဓာတ်အမြင့်ဆုံးမှာ ရှိနေပါတယ်။ ရှမ်းယူနိုက်တက်ကလည်း ပွဲစဉ် ၄ ပွဲမှာ ၁ပွဲနိုင်၊ ၃ပွဲသရေရလဒ်ထွက်ပေါ်ထားတာကြောင့် အသင်းရဲ့ ရာသီကြိုပြင်ဆင်မှုတွေနဲ့ယှဉ်ရင် ခြေစွမ်းအကောင်းဆုံးအနေအထားတော့ မရရှိသေးပါဘူး။ အိမ်ရှင်အားသာချက်ရှိတဲ့ ဧရာဝတီကို ရှမ်းယူနိုက်တက် ဖြတ်ကျော်နိုင်ပါ့မလားဆိုတာ စိတ်ဝင်စားစရာပါပဲ။

ဆောက်သမ်းမြန်မာ – ရတနာပုံ (ဖေဖော်ဝါရီ ၆။ ညနေ ၄ နာရီ။ သုဝဏ္ဏကွင်း)
——————————————————————————————
အမှတ်ပေးဇယားအပေါ်ဆုံးအသင်းနဲ့ အောက်ဆုံးအသင်းတို့ တွေ့ဆုံမယ့်ပွဲဖြစ်တာကြောင့် ဒီပွဲမှာ ရတနာပုံအသင်း အသာစီးရဖို့ရာခိုင်နှုန်းများနေပါတယ်။ ပြည်တွင်းကစားသမားတွေနဲ့ဖွဲ့စည်းထားတဲ့ ဆောက်သမ်းမြန်မာဟာ ယှဉ်ပြိုင်ပြီးတဲ့ ၄ ပွဲမှာ တိုက်စစ်က ၁ ဂိုးပဲ သွင်းယူနိုင်ခဲ့ပြီး ခံစစ်ကတော့ ၁၂ ဂိုးအထိ ခွင့်ပြုခဲ့ရပါတယ်။ ဒီပွဲမှာ ဆောက်သမ်းမြန်မာတို့ အမြင့်ဆုံး သရေ ၁ မှတ်ရဖို့ ဦးတည်ကစားသွားရမှာပါ။

ဇေယျာရွှေမြေ – ဇွဲကပင် (ဖေဖော်ဝါရီ ၇။ ညနေ ၃ နာရီ ၃ဝ မိနစ်၊ မုံရွာကွင်း)
——————————————————————————————-
ဇေယျာရွှေမြေအသင်းအိမ်ကွင်းမှာ တတိယမြောက်ပွဲစဉ်အဖြစ် ဇွဲကပင်အသင်းနဲ့ ယှဉ်ပြိုင်မှာပါ။ ဇေယျာရွှေမြေအသင်းဟာ ပြီးခဲ့တဲ့အိမ်ကွင်းပွဲအဖြစ် ရခိုင်၊ ရှမ်းယူနိုက်တက်တို့နဲ့ယှဉ်ပြိုင်ခဲ့ပြီး ရမှတ် ၂ မှတ်ရရှိထားပါတယ်။ ဇွဲကပင်အသင်းဟာ ၄ပွဲကစား၊ ၃ ပွဲအနိုင်ရထားတဲ့အသင်းဖြစ်သလို တိုက်စစ်ပိုင်းကလည်း ၄ ပွဲမှာ ၁ဝ ဂိုးအထိ သွင်းယူထားနိုင်တဲ့ အသင်းတစ်သင်းဖြစ်တာကြောင့် ဒီပွဲဟာ အကြိတ်အနယ်ရှိမယ့် ပွဲစဉ်တစ်ပွဲဖြစ်လာမှာပါ။ ဇေယျာရွှေမြေကပဲ ရှုံးပွဲမရှိစံချိန် ဆက်ထိန်းထားနိုင်မလား။ ဇွဲကပင်အသင်းကပဲ ၃ ပွဲဆက် အနိုင်ရလဒ် ရရှိသွားမလားဆိုတာ စောင့်ကြည့်ရပါလိမ့်မယ်။

ဟံသာဝတီ – ဟော်ရီဇွန် (ဖေဖော်ဝါရီ ၇။ ညနေ ၄ နာရီ၊ သုဝဏ္ဏကွင်း)
————————————————————————————
ဇန်နဝါရီလရဲ့ အကောင်းဆုံးအသင်းတစ်သင်းလို့ဆိုနိုင်တဲ့ ဟံသာဝတီအသင်းဟာ ၃ ပွဲဆက်တိုက် အနိုင်ရထားတဲ့အသင်းဖြစ်ပြီး အသင်းသားတွေရဲ့ နိုင်ပွဲဆာလောင်မှုကိုလည်း အထင်းသားတွေ့နေရပါတယ်။ ဟော်ရီဇွန်ကလည်း နောက်ဆုံးယှဉ်ပြိုင်ခဲ့တဲ့ပွဲမှာ မကွေးအသင်းကို အကောင်းဆုံးပုံစံနဲ့ယှဉ်ပြိုင်နိုင်ခဲ့တာကြောင့် လျော့တွက်လို့မရတဲ့ အသင်းတစ်သင်းဖြစ်နေတယ်။ သူတို့ရဲ့တွေ့ဆုံမှုမှာ ဘယ်လိုရလဒ်တွေထွက်ပေါ်လာမလဲဆိုတာ ကျွန်တော်တို့အတူ စောင့်ကြည့်ရအောင်ပါ။

ရခိုင်ယူနိုက်တက် – မကွေး ( ဖေဖော်ဝါရီ ၇။ ညနေ ၄နာရီ။ အောင်ဆန်း)
————————————————————————————
ရခိုင်ယူနိုက်တက်ဟာ ၂ ပွဲဆက် နိုင်ပွဲပျောက်ဆုံးနေတာကြောင့် ဒီပွဲကို အာရုံစိုက်ကစားသွားရမှာပါ။ မကွေးအသင်းကလည်း အသင်းကြီး ၂ သင်းနဲ့ တွေ့ဆုံမှုမှာ နိုင်ပွဲတွေရထားပေမယ့် အသင်းငယ် ၂ သင်းနဲ့ပွဲစဉ်မှာ ရုန်းကန်ခဲ့ရတာကြောင့် အသင်းရဲ့ခြေစွမ်းက သံသယဖြစ်စရာပါ။ ဒီပွဲမှာ နှစ်သင်းစလုံး အားနည်းချက်ကိုယ်စီရှိနေပေမယ့် နိုင်ပွဲရအောင် ဘယ်လိုစွမ်းဆောင်သွားမလဲဆိုတာ စိတ်ဝင်စားစရာဖြစ်နေတယ်။

Photo: ချောင်ဘူရီနှင့်ပွဲမတိုင်မီ လေ့ကျင့်ခန်းဆင်းနေသည့် ရန်ကုန်ယူနိုက်တက်ကစားသမားများ (YUFC)

comments

error: Content is protected !!