ချန်ပီယံဖြစ်ရန် အမီလိုက်ရတော့မည်ဟု အာစင်ဝင်းဂါးပြောကြား

Share on Facebook0Tweet about this on TwitterShare on Google+0Share on Reddit0
www
Photo: ဆောက်သမ်တန်နှင့်ပွဲကို စောင့်ကြည့်နေသော နည်းပြအာစင်ဝင်းဂါး (Getty Images)

ဆောက်သမ်တန်နှင့် အိမ်ကွင်းပွဲတွင် ဂိုးမရှိသရေရလဒ်ထွက်ပေါ်ခဲ့ပြီးနောက် အာဆင်နယ်နည်းပြအာစင်ဝင်းဂါးက ပရီးမီးယားလိဂ်ချန်ပီယံပြေးလမ်းတွင် ထိပ်ဆုံးသို့ရောက်ရှိရန် အမီလိုက်ကစားရတော့မည်ဖြစ်ကြောင်း ပြောကြားလိုက်သည်။

“ကျွန်တော်တို့ အမီလိုက်ဖို့လိုပါတယ်။ ခက်ခဲတဲ့ပွဲစဉ်တွေလည်း ကစားရဖို့ရှိတယ်။ အထူးသဖြင့် အဝေးကွင်းပွဲစဉ်တွေကို ကျွန်တော်တို့ဂရုစိုက်ရပါမယ်”ဟု အာစင်ဝင်းဂါး က အသင်း၏ ၀က်ဘ်ဆိုက်တွင် ပြောကြားသွားခဲ့သည်။

အာဆင်နယ်အသင်းသည် ပရီးမီးယားလိဂ် နောက်ဆုံး ၄ ပွဲတွင် ၁ ပွဲမျှ အနိုင်ရရှိခဲ့ခြင်းမရှိဘဲ ၃ ပွဲဆက် ဂိုးပေါက်ပျောက်ဆုံးကာ အမှတ်ပေးဇယားဦးဆောင်သူလက်စတာနှင့် ၅ မှတ်အကွာသို့ ရောက်ရှိနေသည်။

Photo: ဆောက်သမ်တန်နှင့်ပွဲကို စောင့်ကြည့်နေသော နည်းပြအာစင်ဝင်းဂါး (Getty Images)

comments

error: Content is protected !!