မြန်မာ ယူ-၁၉ နည်းပြအဖြစ် ကမ်းလှမ်းမှုကို လက်ခံလိုက်ပြီဟု ဦးမျိုးလှိုင်ဝင်းဆို

Share on Facebook0Tweet about this on TwitterShare on Google+0Share on Reddit0
4
နေပြည်တော်လေ့ကျင့်ရေးကွင်းတွင်တွေ့ရသည့် ဦးမျိုးလှိုင်ဝင်း

အောင်သော်ဖြိုး
ဖေဖော်ဝါရီ ၃။

မြန်မာယူ-၁၉ လက်ရွေးစင် ဘောလုံးအသင်းနည်းပြအဖြစ် တာဝန်ယူရန် မြန်မာနိုင်ငံဘောလုံးအဖွဲ့ချုပ်မှ ကမ်းလှမ်းမှုကို နေပြည်တော်အသင်းနည်းပြဖြစ်သူ ဦးမျိုးလှိုင်ဝင်းက လက်ခံလိုက်ပြီး အသေးစိတ် အချက်အလက်များကို ဆက်လက်ညှိနှိုင်းနေကြောင်း ၎င်းကဆိုသည်။

“ကမ်းလှမ်းမှုကို လက်ခံထားပြီ။ လက်ရှိ နေပြည်တော်အသင်းမှာလုပ်နေတော့ အသင်းဘက်နဲ့ ညှိနှိုင်းမှုတွေလုပ်ရဦးမှာပါ”ဟု ၎င်းက ဆိုသည်။

လက်ရှိအချိန်တွင် နေပြည်တော်အသင်းသည် မြန်မာနေရှင်နယ်လိဂ် -၂ ပြိုင်ပွဲတွင် ပြိုင်ပွဲဝင်နေသည့်အတွက် အသင်းတာဝန်ရှိသူများနှင့် နှစ်သင်းစလုံးကို တာဝန်ယူခွင့်ပြုမည့် အခြေအနေရှိ မရှိညှိနှိုင်းမှုများ ပြုလုပ်ရန်ရှိနေပြီး၊ တစ်သင်းသင်းကို ရွေးချယ်ရမည့်အခြေအနေတွင် မြန်မာ့လက်ရွေးစင် ယူ-၁၉ အသင်းကို ရွေးချယ်ဖြစ်မည်ဟု နေပြည်တော်အသင်း နည်းပြချုပ် ဦးမျိုးလှိုင်ဝင်းက ဖွင့်ဟခဲ့သည်။

မြန်မာနိုင်ငံဘောလုံးအဖွဲ့ချုပ်သည် ရေရှည်စီမံကိန်းဖြင့် မြန်မာ့ယူ-၁၉ အသင်းကို တည်ဆောက်ရန် ရည်ရွယ်ချက်ရှိနေပြီး၊ အသက်မှန်ကန်မှုရှိရေးကို ဦးစားပေးဆောင်ရွက်ဖွဲ့စည်းကာ နိုင်ငံတကာပြိုင်ပွဲများရှိလျှင်လည်း သွားရောက်ယှဉ်ပြိုင်ရန် စီစဉ်ထားကြောင်းသိရသည်။

မြန်မာ့ဘောလုံးငွေခေတ်ကစားသမား ဦးမျိုးလှိုင်ဝင်းသည် အာရှဘောလုံးအဖွဲ့ချုပ်အသိအမှတ်ပြု “ဘီ” လိုင်စင်ရ နည်းပြတစ်ဦးဖြစ်ပြီး နည်းပြအဖြစ် ရန်ကုန်ယူနိုက်တက်ကို စတင်တာဝန်ယူခဲ့ပြီး ဒုတိယကလပ်အဖြစ် နေပြည်တော်ကလပ်ကို လက်ရှိအချိန်အထိ ကိုင်တွယ်နေသည့် နည်းပြတစ်ဦးဖြစ်သည်။

comments

error: Content is protected !!