ရွန်နီ ဆက်လက်ခြေစွမ်းပြနိုင်ရန် ဗန်ဟားလ်မျှော်လင့်

Share on Facebook0Tweet about this on TwitterShare on Google+0Share on Reddit0
rrr
Photo: စတုတ်စီးတီးနှင့်ပွဲတွင် မန်ယူအတွက် တိုက်စစ်မှူးရွန်နီ အနိုင်ဂိုးသွင်းယူနေစဉ် (Getty Images)

တိုက်စစ်မှူးရွန်နီသည် လက်ရှိပြသနေသော ၎င်း၏ခြေစွမ်းကောင်းကို ဆက်လက်ထိန်းသိမ်းကာ ဘော်ဘီချာလ်တန်၏ မန်ယူတစ်သက်တာဂိုးသွင်းအများဆုံးစံချိန်ကို ကျော်ဖြတ်နိုင်လိမ့်မည်ဟု နည်းပြဗန်ဟားလ်က မျှော်လင့်လျက်ရှိသည်။

ရွန်နီသည် ဖိအားများဖြင့်ကြုံတွေ့ကြုံနေရပြီး နိုင်ပွဲရရှိရန်လိုအပ်နေသော နည်းပြဗန်ဟားလ်အတွက် စတုတ်စီးတီးကို ၃-၀ ဖြင့်အနိုင်ရရှိသည့်ပွဲတွင် အနိုင်ဂိုးထပ်မံသွင်းယူပေးခဲ့သည်။

အဆိုပါပွဲတွင် အနိုင်ဂိုးရယူနိုင်ခဲ့သဖြင့် ရွန်နီမှာ မန်ယူဂန္ထ၀င်ကစားသမား ဘော်ဘီချာလ်တန်၏ ၂၄၉ ဂိုးစံချိန်ကိုမီရန် ၅ဂိုး သာလိုတော့သည်။

ရွန်နီနှင့်ပတ်သက်၍ နည်းပြဗန်ဟားလ်က “ကျွန်တော်တို့အတွက် အရေးပါတဲ့အနိုင်ဂိုးတွေကို သွင်းယူပေးနေပါတယ်။ ဒါဟာသူ့အတွက်လည်းကောင်းသလို ကျွန်တော်တို့အသင်းအတွက်လည်းကောင်းပါတယ်”ဟု ပြောကြားခဲ့သည်။

စတုတ်စီးတီးနှင့်ပွဲတွင် လင်ဂတ်နှင့် မာရှယ်တို့သည်လည်း သွင်းဂိုးများရယူနိုင်ခဲ့ကာ မန်ယူအသင်းမှာ ယခုအမှတ်ပေးဇယား အဆင့် ၄ နေရာမှ အာဆင်နယ်နှင့် ၅ မှတ်အကွာသို့ရောက်ရှိလာခဲ့ပြီး ၁၁ ပွဲဆက် ပထမပိုင်းသွင်းဂိုးမရရှိခြင်းကို အဆုံးသတ်နိုင်ခဲ့သည်။

Photo: စတုတ်စီးတီးနှင့်ပွဲတွင် မန်ယူအတွက် တိုက်စစ်မှူးရွန်နီ အနိုင်ဂိုးသွင်းယူနေစဉ် (Getty Images)

comments

error: Content is protected !!