မြန်မာနေရှင်နယ်လိဂ်ပြိုင်ပွဲဝင်အသင်းများသို့ ငွေကြေးထောက်ပံ့မှုနှုန်းတိုးမြှင့်ရန် MFF စီစဉ်

Share on Facebook0Tweet about this on TwitterShare on Google+0Share on Reddit0
qer
Photo: မြန်မာနေရှင်နယ်လိဂ်တိုးတက်ရေးအတွက် အပြန်အလှန်ဆွေးနွေးနေစဉ် (MNL)

အောင်သော်ဖြိုး
ဖေဖော်ဝါရီ ၂။

မြန်မာနိုင်ငံဘောလုံးအဖွဲ့ချုပ်မှ မြန်မာနေရှင်နယ်လိဂ်ပြိုင်ပွဲဝင်အသင်းများသို့ ငွေကြေးခွဲဝေထောက်ပံ့မှု (Subsidy)နှုန်းကို ယခင်နှစ်များထက် ပိုမိုတိုးမြှင့်ပေးအပ်နိုင်ရန် စီစဉ်နေကြောင်း မြန်မာနိုင်ငံဘောလုံးအဖွဲ့ချုပ်ဒုဥက္ကဋ္ဌဒေါက်တာစိုင်းဆမ်ထွန်းက ဖေဖော်ဝါရီလ ၁ ရက်နေ့ Novotel Yangon Max Hotel တွင် ကျင်းပသည့် လိဂ်ကော်မတီအစည်းအဝေး၌ ပြောကြားခဲ့ကြောင်း သိရသည်။

ယခုနှစ်ဘောလုံးရာသီတွင် မြန်မာနိုင်ငံဘောလုံးအဖွဲ့ချုပ်အနေဖြင့် မြန်မာနေရှင်နယ်လိဂ်ပြိုင်ပွဲဝင်အသင်းများကို ငွေကြေးခွဲဝေထောက်ပံ့မှု သိန်း ၆ဝဝ နှင့် MNL-2 ပြိုင်ပွဲဝင်အသင်းများကို သိန်း ၂ဝဝ ပေးနိုင်ရန် စီစဉ်နေကြောင်းသိရသည်။

မြန်မာနိုင်ငံဘောလုံးအဖွဲ့ချုပ်မှ ငွေကြေးခွဲဝေထောက်ပံ့မှု (Subsidy)ကို ဘောလုံးရာသီအပြီးတွင် ပြုလုပ်ပြီး ယခင်နှစ်များက မြန်မာနေရှင်နယ်လိဂ် အသင်းတစ်သင်းကို သိန်း ၅ဝဝ နှင့် အိမ်ကွင်းရှိအသင်းများကို သိန်း ၃ဝဝ ပေးအပ်ကြောင်း သိရပြီး ယခုနှစ်တွင် သိန်း ၆ဝဝ နှင့် အိမ်ကွင်းအတွက် သိန်း ၄ဝဝ ပေးအပ်ရန်စီစဉ်ထားကြောင်း မြန်မာနိုင်ငံဘောလုံးအဖွဲ့ချုပ် တာဝန်ရှိသူတစ်ဦးက ဆိုသည်။

ယခုလ ၁ ရက်နေ့က Novotel Yangon Max Hotel တွင် ကျင်းပသည့် လိဂ်ကော်မတီအစည်းအဝေးသို့ မြန်မာနိုင်ငံဘောလုံးအဖွဲ့ချုပ် ဥက္ကဋ္ဌ၊ ဒု-ဥက္ကဋ္ဌ၊ လိဂ်-၁၊ လိဂ်-၂ မှ ကလပ်အသင်းပိုင်ရှင်များနှင့် တာဝန်ရှိသူများ၊ MFF နှင့် မြန်မာနေရှင်နယ်လိဂ်မှ တာဝန်ရှိသူများတက်ရောက်ခဲ့ကြပြီး မြန်မာနေရှင်နယ်လိဂ်တိုးတက်ရေးအတွက် တာဝန်ရှိသူများ၊ အသင်းပိုင်ရှင်များ အပြန်အလှန်ဆွေးနွေးခဲ့ကြကြောင်း သိရသည်။

Photo: မြန်မာနေရှင်နယ်လိဂ်တိုးတက်ရေးအတွက် အပြန်အလှန်ဆွေးနွေးနေစဉ် (MNL)

comments

error: Content is protected !!