ပရီးမီးယားလိဂ်သည် ခက်ခဲသောပြိုင်ပွဲတစ်ခုဖြစ်ကြောင်း ဂွါဒီယိုလာကို ကလော့ပ် သတိပေး

Share on Facebook0Tweet about this on TwitterShare on Google+0Share on Reddit0
qq
Photo: ဂွါဒီယိုလာကို သတိပေးစကားဆိုခဲ့သည့် နည်းပြယာဂင်ကလော့ပ် (Getty Images)

မန်စီးတီးအသင်း၏ နည်းပြသစ်ဖြစ်လာမည့် ဂွါဒီယိုလာကို ယာဂင်ကလော့ပ်က ဂုဏ်ပြုစကားဆိုခဲ့ပြီးနောက် ပရီးမီးယားလိဂ်သည် ဘွန်ဒက်စ်လီဂါနှင့် လာလီဂါတို့ထက် ပြိုင်ဆိုင်မှုပိုမိုပြင်းထန်ပြီး ခက်ခဲသောပြိုင်ပွဲတစ်ခုဖြစ်ကြောင်း သတိပေးလိုက်သည်။

ဂွါဒီယိုလာသည် မန်စီးတီးအတွက် အောင်မြင်အောင်စွမ်းဆောင်နိုင်မည်လော ဟူသောမေးခွန်းနှင့်ပတ်သက်၍ နည်းပြကလော့ပ်က “ဂွါဒီယိုလာက တကယ်တော်တဲ့နည်းပြတစ်ယောက်ဖြစ်ပြီး မန်စီးတီးကလည်း ငွေကြေးတောင့်တင်းတဲ့ အသင်းတစ်သင်းပါ။ ဘာတွေဖြစ်လာမလဲဆိုတာကတော့ ကျွန်တော်တို့စောင့်ကြည့်ရပါမယ်။ ဒါပေမဲ့ ဒီအကြောင်းတွေကို ကျွန်တော်သိပ်စိတ်မ၀င်စားပါဘူး။ ဘာလို့လဲဆိုတော့ ကျွန်တော်တို့အသင်းဟာ သူကိုင်တွယ်တဲ့ မန်စီးတီးနဲ့ ဇူလိုင်လ ဒါမှမဟုတ် သြဂုတ်လလောက်မှာ ကစားရမှာပါ။ တော်တော်လိုပါသေးတယ်။ သူဟာ ယှဉ်ပြိုင်လိုစိတ်ပြင်းထန်တဲ့သူတစ်ယောက်ဖြစ်တဲ့အတွက် ပြိုင်ဆိုင်မှုပြင်းထန်တဲ့ ပရီးမီးယားလိဂ်မှာ ပျော်မှာပါ။ သူနေရာမှန်ကိုရောက်လာတယ်လို့ ကျွန်တော်ထင်ပါတယ်။ ဘာစီလိုနာနဲ့ ဘိုင်ယန်တုန်းက အခြေအနေတွေနဲ့တော့တူမှာမဟုတ်ပါဘူး။ ဒါပေမဲ့ မန်စီးတီးကလည်း အလားအလာကောင်းတွေရှိတဲ့ အသင်းတစ်သင်းဖြစ်ပါတယ်”ဟု ပြောကြားသွားခဲ့သည်။

Photo: ဂွါဒီယိုလာကို သတိပေးစကားဆိုခဲ့သည့် နည်းပြယာဂင်ကလော့ပ် (Getty Images)

comments

error: Content is protected !!