ပယ်လီဂရီနီ၏မန်စီးတီးနည်းပြရာထူးကို ဂွါဒီယိုလာဆက်ခံမည်

Share on Facebook0Tweet about this on TwitterShare on Google+0Share on Reddit0
4
လာမည့်ရာသီတွင် မန်စီးတီးနည်းပြဖြစ်လာမည့် ဂွါဒီယိုလာ

ဘိုင်ယန်မြူးနစ်အား လက်ရှိကိုင်တွယ်နေသည့် အသက် ၄၅ နှစ်အရွယ် ဂွါဒီယိုလာသည် လာမည့်ဇွန်လ ၃၀ ရက်နေ့တွင် မန်စီးတီးမှထွက်ခွာတော့မည့် ပယ်လီဂရီနီ၏နည်းပြရာထူးကို အစားထိုးဝင်ရောက်ကိုင်တွယ်မည်ဖြစ်ပြီး ၃ နှစ်စာချုပ် ချုပ်ဆိုရန် သဘောတူထားကြောင်း သိရှိရသည်။

မန်စီးတီးက ကြေညာချက်ထုတ်ပြန်ခဲ့ရာတွင် ယခုဆုံးဖြတ်ချက်အား အသက် ၆၂ နှစ်အရွယ် ပယ်လီဂရီနီကလည်း အပြည့်အ၀ထောက်ခံထားကြောင်း သိရကာ ဂွါဒီယိုလာကို မန်စီးတီးက ၂၀၁၂ ခုနှစ်ကတည်းက နည်းပြအဖြစ်ခန့်အပ်ရန် ချဉ်းကပ်ဆွေးနွေးခဲ့ခြင်းဖြစ်သည်ဟုလည်း သိရသည်။

ဂွါဒီယိုလာအား ခန့်အပ်မှုနှင့်ပတ်သက်ပြီး လက်ရှိမန်စီးတီးနည်းပြ ပယ်လီဂရီနီက “အသင်းနဲ့ ကျွန်တော်စကားပြောထားပါတယ်။ ကျွန်တော့်စာချုပ် ကနဦးရက်အတိုင်း ဒီအသင်းနဲ့ လမ်းခွဲမှာပါ။ ၁ နှစ်သက်တမ်းတိုးထားပေမယ့် အသင်းဘက်က ဒါမှမဟုတ် ကျွန်တော့်ဘက်က အဲဒီသက်တမ်းတိုးစာချုပ်ကို အသုံးချလို့မရဘူးဆိုတဲ့အချက် ပါဝင်ပါတယ်။ ဒီတော့ အရင်စာချုပ်သက်တမ်းကုန်ဆုံးမယ့်ရက်မှာပဲ မန်စီးတီးနဲ့ လမ်းခွဲမှာပါ။ သူတို့ကလည်း ကျွန်တော်မသိအောင် ဘာမှမလုပ်ကြပါဘူး။ ဒီကိစ္စကို လွန်ခဲ့တဲ့ ၁ လကတည်းက သိပါတယ်။ ဒါပေမဲ့ ကောလာဟလတွေထွက်လာတော့ ကောင်းတော့ မကောင်းပါဘူး။ ဒီကောလာဟလတွေကို ဒီနေ့မှာ အဆုံးသတ်ချင်ပါတယ်”ဟု ဖွင့်ဟခဲ့သည်။

comments

error: Content is protected !!