ဗလင်စီယာသို့ ရီးရဲလ်တောင်ပံကစားသမားရှရီရှက်ဗ် အငှားဖြင့်ရောက်ရှိ
|
Photo: ဗလင်စီယာသို့ရောက်ရှိခဲ့သည့် ရှရီရှက်ဗ် (Valencia.FC)
ဗလင်စီယာအသင်းသည် ရီးရဲလ်မက်ဒရစ်မှ ရုရှားတောင်ပံကစားသမား ဒန်းနစ်ရှရီရှက်ဗ်ကို ရာသီကုန်အထိရှိနေမည့် အငှားစာချုပ်ဖြင့်ခေါ်ယူလိုက်ကြောင်း သိရသည်။
အသက် ၂၅ နှစ်ရှိ အဆိုပါကစားသမားသည် ဒီဇင်ဘာလအတွင်း စပိန်ဘုရင့်ဖလားပြိုင်ပွဲအဖြစ် ကာဒစ်ဇ်နှင့်ပွဲစဉ်တွင် ကစားခွင့်ပိတ်ပင်ခံထားရသော်လည်း ရီးရဲလ်အတွက် ပါဝင်ကစားခဲ့ပြီး ဂိုးသွင်းယူပေးနိုင်ခဲ့သည်။
ထို့နောက် ရီးရဲလ်အသင်းသည် ကစားခွင့်ပိတ်ပင်ခံထားရသော ကစားသမားအား ထည့်သွင်းကစားခဲ့မှုကြောင့် ဘုရင့်ဖလားပြိုင်ပွဲမှ ထုတ်ပယ်ခြင်းခံခဲ့ရသည်။
ဗလင်စီယာသည် ပြီးခဲ့သည့်ဒီဇင်ဘာလတွင် မန်ယူနောက်ခံလူဟောင်း ဂယ်ရီနဗီးလ်ကို နည်းပြအဖြစ်ခန့်အပ်ခဲ့ပြီးနောက် လာလီဂါနိုင်ပွဲပျောက်ဆုံးမှုနှင့်အတူ အမှတ်ပေးဇယားအဆင့် ၁၂ နေရာသို့ရောက်ရှိနေသည်။
Photo: ဗလင်စီယာသို့ရောက်ရှိခဲ့သည့် ရှရီရှက်ဗ် (Valencia.FC)
Prev : ဇန်န၀ါရီအပြောင်းအရွှေ့နောက်ဆုံးရက် အပြီးသတ်ရောက်ရှိမှု အနှစ်ချုပ် (ပရီးမီးယားလိဂ်)
Next : ပရီးမီးယားလိဂ်သည် ခက်ခဲသောပြိုင်ပွဲတစ်ခုဖြစ်ကြောင်း ဂွါဒီယိုလာကို ကလော့ပ် သတိပေး
Next : ပရီးမီးယားလိဂ်သည် ခက်ခဲသောပြိုင်ပွဲတစ်ခုဖြစ်ကြောင်း ဂွါဒီယိုလာကို ကလော့ပ် သတိပေး