ချဲလ်ဆီးခံစစ်မှူး ဂျွန်တယ်ရီ အသင်းမှထွက်ခွာဖွယ်ရှိ
|
ရာသီကုန်တွင် အသင်းမှထွက်ခွာရန် ရာခိုင်နှုန်းများနေသည့် ဂျွန်တယ်ရီ
ချဲလ်ဆီးအသင်းသည် အသင်းခေါင်းဆောင်တယ်ရီ ကို စာချုပ်သစ်ကမ်းလှမ်းခဲ့ခြင်းမရှိသောကြောင့် ရာသီကုန်တွင် အသင်းမှထွက်ခွာဖွယ်ရှိနေသည်။
အသက် ၃၅ နှစ်ရှိပြီဖြစ်သော တယ်ရီသည် အသက် ၁၄ နှစ်အရွယ်တွင် ချဲလ်ဆီးသို့ရောက်ရှိခဲ့ပြီး ပရီးမီးယားလိဂ်ချန်ပီယံ ၄ ကြိမ်၊ အက်ဖ်အေဖလားချန်ပီယံ ၅ ကြိမ်၊ ချန်ပီယံလိဂ်ဖလား ၁ ကြိမ်ဆွတ်ခူးနိုင်ခဲ့သည်။
“ချဲလ်ဆီးမှာ ဆက်ကစားချင်ပါသေးတယ်။ ဒါပေမဲ့ အသင်းက ကျွန်တော့်ကိုမလိုအပ်တော့ပါဘူး”ဟု ချဲလ်ဆီးအသင်းခေါင်းဆောင်အဖြစ် ကာလရှည်တာဝန်ယူခဲ့သည့် တယ်ရီက ဖွင့်ဟခဲ့သည်။
သို့သော် ချဲလ်ဆီးကလပ်ပြောရေးဆိုခွင့်ရှိသူတစ်ဦးက တယ်ရီကို စာချုပ်သစ် ချုပ်ဆိုနိုင်သေးကြောင်း တနင်္ဂနွေနေ့က ထုတ်ဖော်ပြောကြားခဲ့သည်။
တယ်ရီသည် ချဲလ်ဆီးအတွက် ၆၉၆ ပွဲကစားပေးခဲ့ပြီး အသင်းမှထွက်ခွာလျှင် တခြားအမှတ်ပေးပြိုင်ပွဲမှ အသင်းတစ်သင်းသို့ ပြောင်းရွှေ့ဖွယ်ရှိနေသည်။
Prev : ဆမ်ဒိုးရီးယားတိုက်စစ်မှူးအီဒါ ၂ နှစ်အငှားစာချုပ်ဖြင့် အင်တာမီလန်သို့ ပြောင်းရွှေ့
Next : အက်ဖ်အေဖလားပဉ္စမအဆင့်ပွဲစဉ်များထွက်ပေါ်လာရာ ချဲလ်ဆီး-မန်စီးတီးနှင့် အာဆင်နယ်-ဟူးလ်စီးတီးတို့တွေ့ဆုံနေ
Next : အက်ဖ်အေဖလားပဉ္စမအဆင့်ပွဲစဉ်များထွက်ပေါ်လာရာ ချဲလ်ဆီး-မန်စီးတီးနှင့် အာဆင်နယ်-ဟူးလ်စီးတီးတို့တွေ့ဆုံနေ