မန်ယူအသင်းခေါင်းဆောင်ရွန်နီ နည်းပြဗန်ဟားလ်ဘက်မှ ကာကွယ်ပြောကြား

Share on Facebook0Tweet about this on TwitterShare on Google+0Share on Reddit0
4
မန်ယူအသင်းခေါင်းဆောင်နှင့် နည်းပြကို အတူတွေ့ရစဉ်

မန်ယူအသင်းခေါင်းဆောင်ရွန်နီက ယခုရာသီ အသင်းရလဒ်များဆိုးဝါးနေမှုသည် နည်းပြဗန်ဟားလ်ကြောင့်မဟုတ်ဘဲ အသင်းသားများတွင်လည်း တာဝန်ရှိကြောင်း ထုတ်ဖော်ပြောကြားခဲ့သည်။

မန်ယူသည် နောက်ဆုံး ၁၄ ပွဲတွင် ၄ ပွဲသာ အနိုင်ရပြီး အဆင့် ၅ နေရာသို့ရောက်ရှိခဲ့ကာ ဗန်ဟားလ်၏နည်းပြရာထူး မတည်မငြိမ်ဖြစ်ခဲ့သည်။

ရွန်နီက” နည်းပြတစ်ဦးတည်းကို အပြစ်ပုံချတာက တရားမျှတမှုမရှိပါဘူး။ ကွင်းထဲမှာတကယ်ကစားရတာ ကျွန်တော်တို့ပါ” ဟု ဆိုသည်။

“အဲဒါကြောင့်အသင်းစွမ်းဆောင်ရည်နဲ့ ရလဒ်တွေအပေါ် ကစားသမားတွေမှာလည်း တာဂန်ရှိပါတယ်။ ကျွန်တော်တို့ အမြဲတမ်းအကောင်းဆုံးကြိုးစားကစားပါတယ်။ နောက်ဆုံးပွဲမှာတော့ ရလဒ်ကောင်းရအောင် စွမ်းဆောင်နိုင်ခဲ့ပါတယ် ” ဟု အက်ဖ်အေဖလား စတုတ္ထအဆင့်တွင် ဒါဘီကောင်တီကို ၃-၁ ဖြင့်အနိုင်ရရှိခဲ့သည့်ပွဲအပြီးတွင် ပြောကြားခဲ့သည်။

ရွန်နီသည် ၄င်းပွဲတွင် အဖွင့်ဂိုးကို လှလှပပသွင်းယူနိုင်ခဲ့ပြီး ၆ ပွဲကစား၊ ၆ ဂိုးသွင်း မှတ်တမ်းကိုပိုင်ဆိုင်ခဲ့ကာ အသက် ၃၀ အရွယ် ၎င်းသည် မန်ယူတွင် ဂိုးသွင်းအများဆုံးစံချိန်တင်ထားသော ဘော်လ်ဘီချာတန်၏စံချိန်ကိုမီရန် ၆ ဂိုးသာလိုတော့သည်။

ဘော်လ်ဘီချာတန်၏ အင်္ဂလန်လက်ရွေးစင်အသင်းအတွက် သွင်းဂိုးအများဆုံးစံချိန်ကို စက်တင်ဘာလက ချိုးဖျက်နိုင်ခဲ့သည့် ရွန်နီက”ရာသီမကုန်ခင် ဘော်ဘီချာလ်တန်ရဲ့စံချိန်ကို ကျွန်တော်ကျော်ဖြတ်ချင်ပါတယ်”ဟု ထုတ်ဖော်ပြောဆိုခဲ့သည်။

comments

error: Content is protected !!