အက်ဖ်အေဖလားပဉ္စမအဆင့်ပွဲစဉ်များထွက်ပေါ်လာရာ ချဲလ်ဆီး-မန်စီးတီးနှင့် အာဆင်နယ်-ဟူးလ်စီးတီးတို့တွေ့ဆုံနေ

Share on Facebook0Tweet about this on TwitterShare on Google+0Share on Reddit0
aa
Photo: ယခုနှစ်ပရီးမီးယားလိဂ် ပထမရာသီဝက်တွင် မန်စီးတီး-ချဲလ်ဆီး တွေ့ဆုံစဉ် (Getty Images)

အက်ဖ်အေဖလားပဉ္စမအဆင့်ပွဲစဉ်များထွက်ပေါ်လာခဲ့ရာ ဗီလာကို ၄ ဂိုးပြတ်အနိုင်ရရှိခဲ့သော မန်စီးတီးအသင်းမှာ MKဒွန်းစ်အိမ်ကွင်းတွင် ၁-၅ ဂိုးဖြင့်အနိုင်ရခဲ့သည့် ချဲလ်ဆီးအိမ်ကွင်း၌ ယှဉ်ပြိုင်ရမည်ဖြစ်ကြောင်း သိရသည်။

ယခုနှစ်ဘောလုံးရာသီတွင် ပရီးမီးယားလိဂ်ပွဲစဉ်အဖြစ် မန်စီးတီးအိမ်ကွင်း၌ ၃-၀ ဂိုးဖြင့်အရေးနိမ့်ခဲ့သော ချဲလ်ဆီးနည်းပြ ဂုဒ်ဟစ်ဒင့်က အဆိုပါပွဲမှာ ပွဲကြီးပွဲကောင်းဖြစ်လာမည်ဟု မှတ်ချက်ပြုခဲ့ပြီး ဗိုလ်လုပွဲတစ်ပွဲကဲ့သို့ ယှဉ်ပြိုင်ရမည်ဖြစ်ကြောင်း ပြောကြားခဲ့သည်။

လက်ရှိအက်ဖ်အေဖလားချန်ပီယံအာဆင်နယ်အသင်းမှာ ၂၀၁၄ ခုနှစ်၊ ဗိုလ်လုပွဲတွင် အနိုင်ရရှိခဲ့သည့် ပြိုင်ဘက်ဟောင်း ဟူးလ်စီးတီးနှင့် ပြန်လည်ရင်ဆိုင်ရမည်ဖြစ်ကာ ယခုနှစ်ပရီးမီးယားလိဂ်ပြိုင်ဘက်ချင်း တွေ့ဆုံမှုအဖြစ် စပါး-ခရစ္စတယ်ပဲလေ့စ်နှင့် ဘုန်းမောက်-အဲဗာတန်တို့ အသီးသီးယှဉ်ပြိုင်ရမည်ဖြစ်သည်။

ဖိအားများနှင့်ရင်ဆိုင်နေရသော နည်းပြဗန်ဟားလ်၏ မန်ယူအသင်းမှာမူ ယခုပြိုင်ပွဲတွင် အသင်းငယ်အဖြစ်သတ်မှတ်ခံထားရသော ပထမတန်းကလပ် ရှရူးဘယ်ရီနှင့် တွေ့ဆုံရမည်ဖြစ်သည်။

Photo: ယခုနှစ်ပရီးမီးယားလိဂ် ပထမရာသီဝက်တွင် မန်စီးတီး-ချဲလ်ဆီး တွေ့ဆုံစဉ် (Getty Images)

comments

error: Content is protected !!