မန်ယူအသင်းခေါင်းဆောင်ဟောင်းဗီဒစ် ကစားသမားဘ၀မှအနားယူ
|
မန်ယူအသင်းခေါင်းဆောင်ဟောင်းဗီဒစ်သည် ပရော်ဖက်ရှင်နယ်ကစားသမားဘ၀မှ အနားယူလိုက်ပြီဖြစ်ကြောင်း ကြေညာခဲ့သည်။
ပရီးမီးယားလိဂ်ဖလား ၅ ကြိမ်၊ ချန်ပီယံလိဂ်ဖလား ၁ ကြိမ်ရယူခဲ့ဖူးသည့် မန်ယူကစားသမားအဖြစ် ၈ နှစ်ကျင်လည်ခဲ့သူ ဗီဒစ်သည် ဒဏ်ရာများကြောင့် အနားယူလိုက်ရခြင်းဖြစ်သည်ဟုလည်း ဖွင့်ဟခဲ့သည်။
အသက် ၃၄ နှစ်အရွယ် ဗီဒစ်သည် ယခုရာသီစီးရီးအေတွင် ပွဲထွက်ခွင့်ဆုံးရှုံးခဲ့ပြီးနောက် အင်တာမီလန်နှင့် နှစ်ဘက်သဘောတူ စာချုပ်ဖျက်သိမ်းခဲ့သည်။
ဗီဒစ်က မန်ယူဝက်ဘ်ဆိုက်သို့ပြောကြားရာတွင်”ကစားသမားဘ၀ကနေ အနားယူဖို့အချိန် ရောက်လာပါပြီ။ ကျွန်တော်ရခဲ့တဲ့ ဒဏ်ရာတွေကလည်း အနားယူဖို့အတွက် အဓိကအချက်ဖြစ်စေခဲ့ပါတယ်။ အတူကစားခဲ့ဖူးတဲ့ ဘောလုံးသမားတွေ၊ လက်တွဲခဲ့ဖူးတဲ့ နည်းပြနဲ့ အဖွဲ့ဝင်တွေအားလုံးကို ကျေးဇူးတင်ပါတယ်။ အထူးသဖြင့် နှစ်ပေါင်းများစွာအားပေးခဲ့တဲ့ ပရိသတ်တွေကို အရမ်းကျေးဇူးတင်ပါတယ်”ဟု ဆိုသည်။
Next : ချဲလ်ဆီးသို့ အငှားစာချုပ်ဖြင့် တိုက်စစ်မှူးပါတိုအပြီးသတ်ရောက်ရှိ