ဆမ်ဒိုးရီးယားတိုက်စစ်မှူးအီဒါ ၂ နှစ်အငှားစာချုပ်ဖြင့် အင်တာမီလန်သို့ ပြောင်းရွှေ့

Share on Facebook0Tweet about this on TwitterShare on Google+0Share on Reddit0
edd
Photo: အင်တာမီလန်သို့ ရောက်ရှိခဲ့သည့် တိုက်စစ်မှူးအီဒါ (Getty Images)

ယခုတစ်ပတ်တနင်္ဂနွေနေ့တွင် ယှဉ်ပြိုင်ကစားမည့် မီလန်ဒါဘီပွဲစဉ်မတိုင်မီတွင် ဆမ်ဒိုးရီးယားတိုက်စစ်မှူးအီဒါကို အင်တာမီလန်က ၂ နှစ်အငှားစာချုပ်ဖြင့် ခေါ်ယူလိုက်ကြောင်း သိရသည်။

ယခုအပြောင်းအရွှေ့နှင့်ပတ်သက်၍ အသက် ၂၉ နှစ်ရှိအဆိုပါတိုက်စစ်မှူးက အသင်းကြီးတစ်သင်းဖြစ်သော အင်တာမီလန်အတွက် ၂ နှစ်တာကာလအတွင်း အကောင်းဆုံးကြိုးပမ်းပေးသွားမည်ဟု ပြောကြားခဲ့သည်။

အင်တာမီလန်ဘက်ကလည်း တိုက်စစ်မှူးအီဒါမှာ အတွေ့အကြုံရင့်ကျက်သည့် ထိပ်တန်းကစားသမားတစ်ဦးဖြစ်သောကြောင့် အသင်းနှင့် နည်းပြမန်စီနီအတွက် အကျိုးဖြစ်ထွန်းစေမည့် ကစားသမားဖြစ်သည်ဟု ပြောကြားခဲ့သည်။

အဆိုပါတိုက်စစ်မှူးသည် ယခုနှစ်ဘောလုံးရာသီတွင် ဆမ်ဒိုးရီးယားအသင်းအတွက် ၁၂ ဂိုးသွင်းယူပေးထားနိုင်ခဲ့ပြီး ယခုနှစ်စီးရီးအေသွင်းဂိုးအများဆုံးကစားသမားစာရင်တွင် သွင်းဂိုး ၂၁ ဂိုးဖြင့် ဦးဆောင်လျက်ရှိသော နာပိုလီတိုက်စစ်မှူး
ဟီဂူအင်၏နောက် ဒုတိယနေရာတွင် ရပ်တည်နေသူဖြစ်သည်။

Photo: အင်တာမီလန်သို့ ရောက်ရှိခဲ့သည့် တိုက်စစ်မှူးအီဒါ (Getty Images)

comments

error: Content is protected !!