ဒါဘီနှင့်ပွဲတွင် ရှုံးနိမ့်မည်ဆိုပါက ထုတ်ပယ်ပေးရန် ရှုတ်ချခံရဦးမည်ဟု ဗန်ဟားလ်ဆို

Share on Facebook0Tweet about this on TwitterShare on Google+0Share on Reddit0
vv
Photo: ဒါဘီနှင့်ပွဲမတိုင်မီ သတင်းစာရှင်းလင်းပွဲတွင် တွေ့ရသည့် ဗန်ဟားလ် (Getty Images)

မန်ယူနည်းပြဗန်ဟားလ်က အက်ဖ်အေဖလားစတုတ္ထအဆင့်ပွဲစဉ်အဖြစ် ယနေ့ညတွင်ယှဉ်ပြိုင်ကစားမည့် ဒါဘီနှင့်ပွဲတွင် ရှုံးနိမ့်ခဲ့မည်ဆိုပါက ထုတ်ပယ်ပေးရန် စတုတ္ထအကြိမ်မြောက် ရှုတ်ချခံရဦးမည်ဖြစ်ကြောင်း ပြောကြားခဲ့သည်။

အသက် ၆၄ နှစ်ရှိဗန်ဟားလ်က ယခုနှစ်ဘောလုံးရာသီတွင် အသင်းမှထုတ်ပယ်ပေးရန် ၃ ကြိမ်မြောက် ရှုတ်ချခံခဲ့ရပြီး ယနေ့ညပွဲတွင် အရေးနိမ့်မည်ဆိုပါက ထိုကဲ့သို့ ထပ်မံတောင်းဆိုခံရဦးမည်ဟု ပွဲကြိုသတင်းစာရှင်းလင်းပွဲ၌
ပြောကြားသွားခဲ့ခြင်းဖြစ်သည်။

ထို့အပြင် ၎င်းက အသင်းမှထွက်ခွာမည်မဟုတ်ဘဲ ဘောလုံးရာသီကုန်ဆုံးချိန်အထိ ဆက်လက်တာဝန်ယူသွားမည်ဖြစ်ကြောင်းကို ”ကျွန်တော် ၃ နှစ်စာချုပ်ချုပ်ထားတာပါ။ ရေရှည်စီမံကိန်းအတွက်ရည်ရွယ်ထားတာလို့ပြောခဲ့ပြီးပါပြီ။ တ
စ်ပွဲတည်းအတွက်မဟုတ်ပါဘူး။ အဆုံးထိ ပြီးပြည့်စုံအောင် လုပ်သွားချင်ပါတယ်” ဟု ပြောကြားခဲ့သည်။

Photo: ဒါဘီနှင့်ပွဲမတိုင်မီ သတင်းစာရှင်းလင်းပွဲတွင် တွေ့ရသည့် ဗန်ဟားလ် (Getty Images)

comments

error: Content is protected !!